close

PDF ရဲဘော် ၁ ဦးကျဆုံး

close

April 30, 2022

အင်းတော်တိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦးသေ ၈ ဦးဒဏ်ရာရ၊ PDF ရဲဘော် ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မင်းကုန်းရွာမှာ ဧပြီ ၃၉ ရက် ညနေက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ  စစ်ကောင်စီဘက်က   ၃ ဦးသေ ၈ ဦးဒဏ်ရာရပြီး PDF ရဲဘော်တစ်ယောက် ကျဆုံးခဲ့ တယ်လို့  Indaw Revolution-IR က ထုတ်ပြန်ပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မင်းကုန်းရွာကို အချက်ပေါင်း ၃၀ လောက်ပစ်ခတ်ခဲ့လို့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့  ရွာသားတယောက်က ပြောပါတယ်။

ဒီနေ့ စကစ အင်အား (၂၀၀)လောက် ထပ်ဖြည့်လာတယ်လို့ နယ်မြေခံအဖွဲ့ Indaw Revolution-IR ကသတင်းထုတ်ပြန်ထားပြီး  အခုအချိန်ထိ တိုက်ပွဲဖြစ်နေကာ ဒေသခံ ရွားသားတွေလည်း ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။

7 hours Ago
Up