close

PDF လှုပ်ရှားမှု

close

April 9, 2022

စစ်ကောင်စီက PDF လှုပ်ရှားမှုစုံစမ်းဖော်ထုတ်ရန် ရေးမြို့နယ်တွင် CCTV ကင်မရာများတပ်ဆင်

မွန်ပြည်နယ် ရေးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို စုံစမ်းဖော်ထုတ်ဖို့ စစ်ကောင်စီက မြို့တွင်းနေရာတွေမှာ CCTV ကင်မရာတွေ စတင် တပ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေး CCTV ကင်မရာတွေကို ဓာတ်ဆီဆိုင်၊ လူစည်ကားတဲ့ ဈေးတွေ၊ စစ်တပ်၊  ရဲ၊  တခြားဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိက အဆောက်အဦတွေနဲ့ အချက်အချာကျတဲ့နေရာတွေမှာ တပ်ဆင်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“လုံခြုံရေး CCTV ကင်မရာတွေ မြို့တွင်းနေရာအနှံ့ တပ်ဆင်လာတာတော့ တချို့ မှုခင်းတွေအတွက်တော့ နောက်ကြောင်းတွေ ရှာဖွေရာမှ အထောက်အကူပြု လာနေပေမယ့် လူမှုရေးအရတော့ မလုံခြုံသလို ခံစားရတယ်။ စစ်ကောင်စီဘက်က အမြဲစောင့်ကြည့်နေတာကို ခံနေရတယ်။”

အခုလို လုံခြုံရေးတွေ တင်းကျပ်လုပ်ဆောင်မှုတွေ ရှိလာခဲ့ပေမယ့် စစ်ကောင်စီကို အလုပ်အကျွေးပြုနေတဲ့သူ ထောက်တိုင်မှန်သမျှကို စစ်အာဏာရှင်စနစ်ကျဆုံးသွားတဲ့အထိ ဆက်လက်ချေမှုန်းသွားမည်လို့ ရေး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က PDF တွေရဲ့ လှုပ်ရှားလာမယ့် အခြေနေတွေကို စုံစမ်းထောက်လှမ်းတာတွေ၊ အမာခံသတင်းပေးတွေနဲ့  ဖော်ထုတ်ဖမ်းဆီးတာတွေ ရှိလာနေပေမယ့် PDF တွေကတော့ ဗုံးခွဲတာ၊ သတင်းပေးတွေကို ပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်လေ့ရှိထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့ တနှစ်ကျော်ကာလအတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

58 seconds Ago
Up