close

PDF-CEU

close

April 16, 2022

တမူးမြို့နယ်၌ ခရီးသွားပြည်သူများအား ဓားပြတိုက်နေသည့်အဖွဲ့ကို PDF-CEU က တိုက်ခိုက် ရှင်းလင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-အောင်ဇေယျကားလမ်းပေါ်မှာ PDF အသွင်ဆောင်ကာ  ခရီးသွားပြည်သူတွေထံကနေ ငွေကြေးတောင်းခံ ဓားပြတိုက်လုယက်နေတဲ့ ဆရာစံရွာသား ၃ ယောက်ကို  တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့   PDF-CEU အဖွဲ့က ပြောပါတယ်။

ဆရာစံရွာသား ကျော်ဇင်ထွန်း၊ ကျော်နိုင်ထွန်း(ခ)သားကြီးနဲ့ ဖိုးချစ်တို့ဟာ PDF အသွင်ဆောင်ကာ ခရီးသွားဒေသခံတွေကို လက်နက်ကိုင်ပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့်ဆ ဆရာစံရွာအနီးမှာ သုတ်သင်ရှင်းလင်းရာ ကျော်နိုင်ထွန်း ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်နှစ်ယောက်ကိုတော့  ရှင်းလင်းခဲ့တယ်လို့လည်းပြောပါတယ်

ခရီးသွားပြည်သူတဦးက "သူတို့က PDFတွေလို့ပြောပြီး သေနတ်ပြပြီး ငွေကြေးတောင်းခံတာ မပေးရင်ပစ်မယ်ဆိုပြီး တောင်းနေလို့ ကြောက်လို့ပေးလိုက်ရတာ"လို့ ပြောပါတယ်။

ဓားပြအဖွဲ့ထံကနေ ခါးချိုးသေနတ်တလက်၊ ကျည် ၅ တောင့်၊ အိန္ဒိယရူပီငွေ ၅၅၀၀ မြန်မာငွေ ကျပ် ၂၁၀၀၀ နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ခဲ့တယ်လို့ တမူးPDF -CEU တာဝန်ခံက ပြောပါတယ်။

တမူး-အောင်ဇေယျကားလမ်းပိုင်းကို လွန်ခဲ့တဲ့ရက်ပိုင်းကစလို့  တမူး PDF က ထိန်းချုပ်ထားတာဖြစ်ပြီး ပြည်သူတွေ ခရီးသွားလာရာမှာ ကားအမိုးဖွင့်မောင်းဖို့နဲ့  စစ်ဆေးမေးမြန်းတာတွေကို  လက်ခံလိုက်နာဖို့ မေတ္တာရပ်ခံ ထားပါတယ်။

2 mins Ago
Up