close

People Shadow Ranger (PSR)

close

January 24, 2022

ပြည်မြို့ ၌ ကပစ-၁၉ ကို သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်တိုင် ဖောက်ခွဲခံရ

ပြည်မြို့မှာ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းက ကပစ-၁၉ ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားတိုင်ကို   ပြည် PDF ရဲ့ တပ်ဖွဲ့ခွဲတခုဖြစ်တဲ့ People Shadow Ranger (PSR) က ဖောက်ခွဲခဲ့တယ်လို့ ပြည်PDF ကဒီကနေ့ ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်ပါတယ်။

ပြည်မြို့နယ် ကပစ-၁၉ ကိုသွယ်တန်းထားတဲ့ ပျဥ်းမပင်ရွာနဲ့ မိန်းမရဲရွာကြားက လျှပ်စစ်မီးတိုင်ကို PSR က ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ပြည် PDF အနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးတွေကို နည်းအသွယ်သွယ်ကို ဟန့်တား ဖြတ်တောက်နေရာမှာ ပြည်သူကို ထိခိုက်မှုမရှိအောင် လုပ်ဆောင်နေပြီး အခု ဖောက်ခွဲမှုမှာလည်း ပြည်သူလုထု ထိခိုက်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။

စစ်ကာင်စီကို မီတာခပေးဆောင်တဲ့သူတွေကို အပြင်းအထန်ရှုတ်ချပြီး မီတာခပေးဆောင်ဖို့ လိုက်လံနှိုးဆော်သူတွေကိုလည်း ပြင်းထန်စွာသတိပေးထားသလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမယ့် မီတာခတွေ မပေးဆောင်ကြဖို့ ပြည် PDF က မေတ္တာရပ်ခံထားပါတယ်။

ပြည် PDF အနေနဲ့ စစ်ကောင်စီတပ်တွေကို ဒီထက်ပိုပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ့်အပြင် စစ်အာဏာရှင်ရဲ့ ရေသောက်မြစ်တွေကို ဒဏ်ခတ်အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

3 mins Ago
Up