close

Pfizer နှင့် BioNTech SE

close

October 30, 2021

Pfizer နှင့် BioNTech SE ကို ၅ နှစ်နှင့် ၁၁ ကြား ကလေးများကို ထိုးပေးရန် အမေရိကန်ခွင့်ပြု

အမေရိကန်အစိုးရ လက်အောက်ခံ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ကွပ်ကဲမှုဌာနက Pfizer နဲ့   ဂျာမနီဆေးကုမ္ပဏီကထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး  BioNTech SE နှစ်မျိုးကို အသက် ၅ နှစ်နဲ့ ၁၁ ကြား ကလေးတွေကို ထိုးပေးနိုင်တယ်လို့ ခွင့်ပြုပေးလိုက်ပါတယ်။ 

ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကလေးငယ်တွေအတွက် ပထမဆုံးထိုးမယ့် ကိုဗစ် ကာကွယ်ဆေး ဖြစ်လာပါတယ်။ 

ဒီလို ကြေညာလိုက်တာကြောင့် အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ကလေးငယ် ၂၈ သန်းအတွက် ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့ မျှော်လင့်ရပါတယ်။ 

အမေရိကန်ကလေး တော်တော်များများဟာ အခုအခါမှာ အရင်လိုပဲ ကျောင်းတက်ရောက်ပြီး စာသင်နေကြပြီးလည်း ဖြစ်ပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ အမေရိကန် FDA  အကြံပေးအဖွဲ့က ကန့်ကွက်သူမရှိ ထောက်ခံချက်ပေးပြီး တဲ့နောက် အတည်ဖြစ်သွားတာပါ။ 

အကြံပေးအဖွဲ့ဟာ နောက်တပတ်ထဲမှာ အစည်းအဝေးရှိပြီး အသက်ငယ်ပိုင်းတွေအတွက် ကာကွယ်ဆေးကို ထိုးပေးတဲ့အခါမှာ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို အကြံပြုဆွေးနွေးကြဖို့ ရှိပါတယ်။ 

ဒီလို အကြံပြုချက်တွေကို နောက်ဆုံး အတည်ပြုပေးရမှာက အမေရိကန် အစိုးရလက်အောက်ခံ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (စီဒီစီ) ရဲ့ အခွင့်အာဏာဖြစ်ပါတယ်။ 

ကမ္ဘာမှာ အခုအချိန်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ကလေးတွေကိုပါ ထိုးပေးနေတဲ့ နိုင်ငံ အနည်း ငယ်ထဲမှာ တရုတ်၊ ကျူဘားနဲ့ ယူအေအီး နိုင်ငံတို့ ပါဝင်ပါတယ်။

1 min Ago
Up