close

PPDF တပ်ဖွဲ့

close

September 8, 2021

ပေါက်မြို့နယ် PPDF တပ်ဖွဲ့က မိုင်တဲလ် တာဝါတိုင်ကို ဖောက်ခွဲ

D Day စတင်တဲ့ အထိမ်းအမှတ်အဖြစ် ပေါက်မြို့နယ်မှာ စက်တင်ဘာ ၇ ရက်နေ့ညက မိုင်တဲလ် တာဝါတိုင်တစ်ခုကို ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ PPDF တပ်ဖွဲ့က ပြောပါတယ်။

ပေါက်မြို့နယ် ထန်းတောဦးရွာအနီးက မိုင်တဲလ်တာဝါတိုင်တစ်တိုင်နဲ့ စက်တွေကို ည ၁၂ နာရီလောက်မှာ PPDF တပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဦးဆောင်သူတစ်ယောက်က DVB ကို ပြောပါတယ်။

ရှေ့ဆက်ပြီးတော့လည်း အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေတွေ၊ သတင်းပေးဒလန်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ့်အပြင် စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဖြိုချဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။

20 seconds Ago
Up