close

PSV

close

March 31, 2022

PSV ကို အကောင်းဆုံးကိုင်တွယ်နိုင်မည်ဟု ယုံကြည်ကြောင်း နည်းပြသစ် နစ္စတယ်ရွိုင်းပြော

ဟော်လန်ကလပ် PSV  အသင်းကို အောင်မြင်မှုတွေရရှိအောင် ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း နည်းပြသစ် နစ္စတယ်ရွိုင်းက ပြောပါတယ်။ 

ဟော်လန်တိုက်စစ်မှူးဟောင်းဟာ လာမယ့်ရာသီကစတင်ပြီး PSV နည်းပြချုပ်အဖြစ် စတင်တာဝန်ယူသွားမှာဖြစ်ပြီး စိန်ခေါ်မူတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီလိုဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတယ်။ ကျနော့်အသင်းမှာ ဦးဆောင်သူ နေရာကနေ တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီး အဲဒီအတွက် ဂုဏ်ယူမှုနဲ့ ယုံကြည်မှုတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းမှာ အသင်းရဲ့ အထွေထွေမန်နေဂျာအနေနဲ့ မာဆယ်ဘရန့်ကို ခန့်အပ်လိုက်တာက အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ သူက ဒီအဆင့်ကို တက်လှမ်းဖို့အတွက် ကျနော့်ကို ယုံကြည်စွာနဲ့ တွန်းအားပေးခဲ့ပါတယ်” လို့ နစ္စတယ်ရွိုင်းက ပြောပါတယ်။

နစ္စတယ်ရွိုင်းဟာ ၂၀၁၂ ခုနှစ်က ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နည်းပြတဦး ဖြစ်လာဖို့ လေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဟော်လန် လက်ရွေးစင်အသင်းလက်ထောက်နည်းပြအနေနဲ့  ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်တွေအတွင်း မှာ တကြိမ်တာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်ကနေ လက်ရှိအချိန်ထိ တာဝန်ယူနေဆဲ ဖြစ်ပါတယ်။ 

နစ္စတယ်ရွိုင်းဟာ PSV ကစားသမားဟောင်းတဦးဖြစ်သလို ၂၀၀၁ ခုနှစ်က မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ၅ နှစ်ကြာကစားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်၊ ဟမ်းဘက်နဲ့ မာလာဂါအသင်းတွေမှာ ဆက်ကစားခဲ့ပြီး အနားယူခဲ့တာပါ။

1 min Ago

September 22, 2019

PSV ထံမှ ဒွန်ရဲလ်မဲလ်လန်ကို အာဆင်နယ် ပြန်လည်ခေါ်ယူလို

အာဆင်နယ်အသင်းဟာ ပီအက်စ်ဗွီအသင်းကို လွန်ခဲ့တဲ့ နှစ်နှစ်က ရောင်းချခဲ့တဲ့ လူငယ်ကစားသမား ဒွန်ရဲလ် မဲလ်လန်ကို ပေါင် သန်း ၅၀ လောက်နဲ့ ပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ တိုက်စစ်မှူး မဲလ်လန်ဟာ ၂၀၁၇ ခုနှစ်က ပေါင် ၅ သိန်းလောက်နဲ့ ပီအက်စ်ဗွီအသင်းကို ပြောင်းရွှေ့သွားခဲ့ပေမယ့် လက်တလောမှာတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ၁၀ ဆ မြင့်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ မဲလ်လန်ဟာ ၂၀၁၅ ခုနှစ်က အေဂျက်စ်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် ချစ်ကြည်ရေးပွဲစဉ်မှာပဲ ဝင်ရောက်ကစားခွင့်ရခဲ့တာကြောင့် အသင်းပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ မဲလ်လန်ဟာ ပီအက်စ်ဗွီအသင်းအတွက် ဗိုက်ဆေးဘက်ကို တပွဲတည်း ၅ ဂိုး သွင်းယူပေးခဲ့တာကြောင့် နာမည်ကြီးလာခဲ့ပြီး ဥရောပ ကလပ်အသင်းကြီး ၅၀ လောက်က ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ မဲလန်ဟာ လက်တလောမှာတော့ ပီအက်စ်ဗွီအသင်းအတွက်အပြင် နယ်သာလန် လက်ရွေးစင်အသင်းအတွက်လည်း ရွေးချယ်ခံထားရတဲ့ ကစားသမားဖြစ်ပါတယ်။ ============================= PSV ထံမွ ဒြန္ရဲလ္မဲလ္လန္ကို အာဆင္နယ္ ျပန္လည္ေခၚယူလို DVB အာဆင္နယ္အသင္းဟာ ပီအက္စ္ဗြီအသင္းကို လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ေရာင္းခ်ခဲ့တဲ့ လူငယ္ကစားသမား ဒြန္ရဲလ္ မဲလ္လန္ကို ေပါင္ သန္း ၅၀ ေလာက္နဲ႔ ျပန္လည္ေခၚယူလိုေနတယ္လို႔ သိရပါတယ္။ တိုက္စစ္မႉး မဲလ္လန္ဟာ ၂၀၁၇ ခုႏွစ္က ေပါင္ ၅ သိန္းေလာက္နဲ႔ ပီအက္စ္ဗြီအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ေပမယ့္ လက္တေလာမွာေတာ့ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ၁၀ ဆ ျမင့္တက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ မဲလ္လန္ဟာ ၂၀၁၅ ခုႏွစ္က ေအဂ်က္စ္အသင္းကေန အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ေပမယ့္ ခ်စ္ၾကည္ေရးပြဲစဥ္မွာပဲ ဝင္ေရာက္ကစားခြင့္ရခဲ့တာေၾကာင့္ အသင္းေျပာင္းေ႐ႊ႕သြားခဲ့သူ ျဖစ္ပါတယ္။ မဲလ္လန္ဟာ ပီအက္စ္ဗြီအသင္းအတြက္ ဗိုက္ေဆးဘက္ကို တပြဲတည္း ၅ ဂိုး သြင္းယူေပးခဲ့တာေၾကာင့္ နာမည္ႀကီးလာခဲ့ၿပီး ဥေရာပ ကလပ္အသင္းႀကီး ၅၀ ေလာက္က ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။ မဲလန္ဟာ လက္တေလာမွာေတာ့ ပီအက္စ္ဗြီအသင္းအတြက္အျပင္ နယ္သာလန္ လက္ေ႐ြးစင္အသင္းအတြက္လည္း ေ႐ြးခ်ယ္ခံထားရတဲ့ ကစားသမားျဖစ္ပါတယ္။
3 years Ago
Up