close

RKDF အဖွဲ့

close

May 15, 2022

RKDF အဖွဲ့၏ ကျည် ၅၀၀၀ Project ပြည်သူများ ပိုမိုပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အခြေစိုက် ကလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ခွဲတခုဖြစ်တဲ့ Ranger Kalay Defened Force ရဲ့ ၁၅ ရက်အတွင်း ကျည် ၅၀၀၀ Project ဟာ  ၁၁ ရက်မြောက်နေ့အထိ ကျည် ၂၉၄၃ တောင့်သာ ရထားတာကြောင့် ပြည်သူတွေ ပိုမိုပူးပေါင်းပါဝင်ပေးကြဖို့  RKDF ရဲ့ လူမှုန်ကွန်ရက် စာမျက်နှာကနေ တိုက်တွန်းလိုက်ပါတယ်။

အဆိုပါ Project ကို မေ ၄ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ကလေးမြို့နယ်အတွင်းမှာ လက်ရှိ စစ်ရေးအခြေအနေ တင်းမာမှုကြောင့်ကြောင့် တပ်ဖွဲ့ဝင်တွေ ကျည်ဆန် အများအပြားလိုအပ်ချက်အရ ပြုလုပ်ရတာလို့ ဆိုပါတယ်။

"အလှူငွေကောက်ခံပြီး ပထမဆုံးနေ့တရက်ပဲ၊ အလှူငွေအများအပြားရရှိခဲ့တာဖြစ်ပြီး နောက်ရက်တွေကစလို့ အလှူငွေ ပါဝင်လှူဒါန်းမှုနှုန်းတွေ ကျဆင်းသွားတာ” လို့ RKDF တာဝန်ရှိသူတဦးက ပြောပါတယ်။

Project ကာလ ၄ ရက်ပဲကျန်တော့တာမို့ အောင်မြင်ဖို့ ရာခိုင်နှုန်းကတော့ အတော်လေးနည်းပေမယ့် ရသလောက် ထပ်မံကောက်ခံသွားမယ်လို့ ဆိုပါတယ်။

“၁၅ ရက်တာအတွက် Project လုပ်တာ ရက်တဝက်ကျော်ကျိုးနေပြီ၊ တဝက်တောင်မရသေးဘူးဆိုတော့ Project က မအောင်မြင်နိုင်ဘူး၊ ပြည်သူတွေကို ဒီထက်ပိုပြီး ပူးပေါင်းပါဝင်စေချင်တယ်။”

ဒါ့အပြင် ကလေးတောင်ပိုင်းသတင်းတွေကိုလည်း နားစွင့်ပေးကြဖို့ မေတ္တာရပ်ခံထားပြီး ပါဝင်ကူညီပေးကြတဲ့ ပြည်သူတယောက်ချင်းစီကို ကျေးဇူးတင်လို့ RKDF က ပြောပါတယ်။

15 hours Ago
Up