close

RPG ဖြင့် တိုက်ခိုက်ခံရ

close

November 4, 2021

တန့်ဆည်တွင် စစ်ကောင်စီတပ် RPG ဖြင့် တိုက်ခိုက်ခံရ၊ မုံရွာက ရဲ ၁ ဦးကို PDF က ပစ်သတ် (ရုပ်သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ နိုဝင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ RPG နဲ့ တိုက်ခိုက်ခံရပြီး မုံရွာမြို့က ရဲတပ်သားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်၊ အင်ကုက္ကားရွာ စိုက်ပျိုးရေးရုံးအတွင်း တပ်စွဲထားတဲ့ စစ်တပ်ကို နိုဝင်ဘာ ၃ ရက်နေ့လယ် ၁ နာရီခန့်လောက်မှာ Taze People Comrades- TPC က RPG နဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို TPC နဲ့ CAF အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်ရေး‌ရဲဘော်တွေဘက်က အထိအခိုက်မရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ TPC တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ကလည်း နဘတ်ကြီး မယ်တော်နန်းအနီးမှာ စစ်ကောင်စီယာဉ်တန်းကို TPC က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်မှာလည်း ရဲတပ်သားတစ်ဦး နိုဝင်ဘာ ၃ ရက်နေ့ နေ့လယ် ၂ နာရီလောက် သေနတ် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

PDF-South Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက “အဲဒီပစ်ခတ်တာဟာ ကျနော်တို့လုပ်ဆောင်တာဗျ။ သေနတ်နဲ့ နှစ်ချက်ပစ်ခဲ့တယ်။ နေရာမှာတွင်ပွဲချင်းပြီးသေဆုံးတယ်။ ကျနော်တို့  ရဲစီက လက်နက်ပါမလားဆိုပြီးရှာဖွေတာတွေ လုပ်ခဲ့တယ်။ဒါပေမဲ ရဲဝန်ထမ်းမှတ်ပုံတင်ကတ်လေးပဲတွေ ရတယ်” လို့ ပြောပါတယ်။

PDF-South Monywa အဖွဲ့ဟာ နိုဝင်ဘာ ၃ ရက်နေ့က မုံရွာမြို့ပေါ်က မိုင်တဲလ်ရုံးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ဆည်မြောင်းရုံးတို့ကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပစ်ခတ်မှုတွေ ပြုလုပ်ရတာဟာ မုံရွာမြိုပေါ်မှာ လှုပ်ရှားနေတဲ့ သံမဏိအဖွဲ့ကို စစ်ကောင်စီ တပ်တွေက ပိုက်စိတ်တိုက်ရှာဖွေနေတာကြောင့် ပြုလုပ်ရတာလို့ PDF-South Monywa အဖွဲ့က ပြောပါတယ်။

Video Credit-TPC

6 mins Ago
Up