close

Running Man

close

February 24, 2023

ကိုရီးယား Running Man အဖွဲ့ဝင်များ ဖိလစ်ပိုင်ပရိသတ်များနှင့် တွေ့ဆုံမည်

တောင်ကိုရီးယားနိုင်ငံကလူသိများထင်ရှားတဲ့ Running Man အဖွဲ့ဝင်တွေဟာ  ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဧပြီ ၁ ရက် ညနေ ၆ နာရီမှာ ပရိသတ်တွေနဲ့တွေ့ဆုံပွဲ ကျင်းပမယ့်လို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

ဒီတွေ့ဆုံပွဲကို “Running Man: The Decade of Laughter” လို့ နာမည်ပေးထားပြီး  ၂၀၂၀ ဖေဖော်ဝါရီလမှာ တွေ့ဆုံပွဲကျင်းပဖို့ စီစဉ်ထားပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

အခုတွေ့ဆုံပွဲမှာ ပရိသတ်တွေအနေနဲ့ ၂၀၂၀ Fan meeting အတွက် ဝယ်ယူထားတဲ့ လက်မှတ်အဟောင်းတွေကိုလည်း ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပြီး လက်မှတ်အသစ်တွေကိုတော့ မတ်လ ၂၅ ရက်ကစတင်ပြီး နိုင်ငံအနှံ့မှာရှိတဲ့ SM လက်မှတ်ရုံတွေနဲ့ အွန်လိုင်းကနေ ဝယ်ယူနိုင်မယ်လို့ အဖွဲ့ဝင် ဟားဟားကပြောပါတယ်။

“နောက်ဆုံးတော့ ငါတို့အားလုံး ဆုံနိုင်ပြီ။ လူတိုင်းလာနိုင်ပြီး ငါတို့နဲ့အတူ ပျော်ရွှင်တဲ့ အချိန်လေးတွေရရှိဖို့ မျှော်လင့်ပါတယ်” လို့ Running Man အဖွဲ့ဝင်တွေက ပြောပါတယ်။

Running Man ရသစုံရှိုးဟာ ဆယ်စုနှစ်တခုကျော်အထိ ကိုရီးယားနိုင်ငံသာမက တကမ္ဘာလုံးအနေနဲ့ ပရိသတ် အခိုင်အမာ ရရှိထားတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ဧည့်သည်အနေနဲ့ Running Man အစီအစဉ်မှာ ပါဝင်ခဲ့ပါသေးတယ်။

5 mins Ago
Up