ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်တွေဟာ အောက်တိုဘာ ၁၈ ရက်က ရုရှားရဲ့ S-300 ဒုံးကျည် ၃ စင်းကို ခါကိဗ်မြို့ဆင်ခြေဖုံးမှာ ပစ်ချခဲ့ပါတယ်။
ရုရှားဟာ ခါကိဗ်မြို့ကို ဒုံးကျည် ၈ စင်း ပစ်လွှတ်ခဲ့ပြီး မြို့တွင်း စက်မှုဇုန်မှာ ဒုံးကျည် ၅ စင်း ထိမှန်ခဲ့ပြီး ဒုံးကျည် ၃ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
စစ်မဖြစ်ခင်က လူဦးရေ ၁ ဒသမ ၄၃ သန်းရှိတဲ့ ရုရှားနယ်စပ်အနီးက ခါကိဗ်မြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒေသခံ ပက်ဗလိုကိုဗလ်က သူ့ရဲ့စိုက်ခင်းထဲက တွင်းကြီးကို ပြသနေပြီး မိုင်းရှင်းတပ်ဖွဲ့တွေက ကျရောက်ခဲ့တဲ့ ဒုံးကျည်တစင်းကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
မော်စကိုဟာ ဆောင်းရာသီ မတိုင်ခင် လျှပ်စစ်နဲ့ရေသန့်စက်ရုံတွေကို ဖျက်ဆီးဖို့ တမင်တကာ အရှိန်မြှင့်လာတာကြောင့် ရုရှားဒုံးကျည်တွေဟာ ယူကရိန်းနိုင်ငံတဝန်းရှိ အခြေခံအဆောက်အအုံ ပစ်မှတ်တွေဆီမနေ့ မနက်ပိုင်းက ထိမှန်ခဲ့ပါတယ်။