close

Sinopharm

close

May 19, 2022

တရုတ်က ကိုဗစ်ကာကွယ်ဆေး ၁၀ သန်း လှူဒါန်း၊ အခြေခံပညာကျောင်းသားများကို ထိုးနှံပေးမည်

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း လှူဒါန်းလိုက်ပြီး အဆိုပါ ကာကွယ်ဆေးတွေကို ကျောင်းဖွင့်ချိန်မှာ အခြေခံပညာကျောင်းသားကျောင်းသူတွေကို ထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ လှူဒါန်းမှုထဲမှာတော့ ဆေးထိုးအပ် ၁၃ သန်းလည်း ပါဝင်ပြီး မေ ၁၈ ရက်ကတော့ ပထမအသုတ်အနေနဲ့ ကာကွယ်ဆေး ၅ သန်းနဲ့ ကာကွယ်ဆေးထိုးအပ် ၂ သန်း ရောက်ရှိခဲ့ပြီးဖြစ်ကာ ကျန်ရှိတဲ့ ကာကွယ်ဆေးနဲ့ ဆေးထိုး အပ်တွေကိုတော့ အခုမေလထဲမှာ နောက်ထပ် ၃ သုတ်ခွဲကာ ပို့ဆောင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၆၁၃,၁၈၂ ယောက်နဲ့ သေဆုံးသူပေါင်း ၁၉,၄၃၄ ယောက် ရှိခဲ့ပြီလို့ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု အခြေအနေတွေကို စောင့်ကြပ် ကြည့်ရှုနေပြီး အပတ်စဉ်အလိုက်   ဓာတ်ခွဲအတည်ပြုလူနာ  တွေ့ရှိမှုနဲ့  ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းတွေဟာ   ၁ ရာခိုင် နှုန်းအောက် လျော့နည်းကျဆင်း လာတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကတော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတည်ငြိမ်သယောင် ဟန်ပြပြုလုပ်ဖို့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့နဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေ ကျင်းပနိုင်ဖို့ နေ့စဉ်ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေကို လျှော့ချ ထုတ်ပြန်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၃၁ သန်းကျော် ရှိခဲ့ပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည်သူတွေကြား မှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက် ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

12 mins Ago

October 23, 2021

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ၄ သန်း ထပ်မံရောက်ရှိ

တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း ပဉ္စမအသုတ်အနေနဲ့ ထပ်မံရောက်ရှိလာခဲ့တယ်လို့  စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက  အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ မြန်မာအစိုးရက ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆို ဝယ်ယူထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၅ သုတ်ခွဲကာ စုစုပေါင်းသန်း ၂၀ ပို့ဆောင်ရောက်ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်း ၉ သောင်း ကျော်နဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော်ထိ ရှိလာနေပြီလို့လည်း သိရပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လခွဲ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်း နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၁၂ သန်း ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည် သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

7 months Ago
Up