close

Spring University Myanmar (SUM)

close

January 17, 2022

နွေဦးတက္ကသိုလ်က ၁ လအတွင်း တော်လှန်ရေးအတွက် ကျပ်သိန်း ၁၀၀ ကျော် လှူဒါန်းနိုင်

နွေဦးတက္ကသိုလ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်ထားတဲ့ တန်းခွဲတွေကနေ လှူဒါန်းငွေ  ၁ လအတွင်း ကျပ်သိန်း ၁၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ Spring University Myanmar (SUM) က  အသိပေးကြေညာထားပါတယ်။

အခုလိုရရှိခဲ့တဲ့ လှူဒါန်းငွေတွေထဲက စစ်ဘေးရှောင်ပြည်သူတွေကို ကျပ်သိန်း ၃၀ အပါအဝင် SUMCares  မှတဆင့် CDM ဆရာ၊ ဆရာမတွေအတွက် ၂၈ သိန်း၊ ကိုဗစ်-၁၉ ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ၂ သိန်း၊ နွေဦးတက္ကသိုလ်ရဲ့ Community Development အစီအစဉ်မှတဆင့် The Movement Institute နဲ့ ပူးပေါင်းကာ CDM သူရဲကောင်းတွေအတွက် ၃၁ သိန်းကျော်၊  ကျောင်းသူ၊ ကျောင်းသား ၃၅ ယောက်နဲ့ ညီမျှတဲ့ Conflict Resolution through Federalism ပညာသင်ဆုတွေ ၈ သိန်း ၇ သောင်းကျော်စီ အသီးသီးချီးမြှင့်လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေး ရပ်တန့်မသွားဖို့၊ CDM သူရဲကောင်းတွေကို ပိုမိုလှူဒါန်းနိုင်ဖို့အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက် လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ ၉ ခု အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂ တော်လှန်နှစ်သစ်မှာလည်း နွေဦးတက္ကသိုလ်အနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပေးအပ်ထားတဲ့ ကတိစကားအတိုင်း ပညာရေးဆက်လက်ရှင်သန်နိုင်ဖို့၊ CDM သူရဲကောင်းတွေကို ချီးမြှင့်လှူဒါန်းသွားနိုင်ဖို့ ပိုမိုကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

2 months Ago

November 9, 2021

နွေဦးတက္ကသိုလ်က တော်လှန်ရေးအတွက် ကျပ်သိန်း ၁၄၀ ကျော် လှူဒါန်းနိုင်

နွေဦးတက္ကသိုလ်က အောက်တိုဘာလအတွင်း ဖွင့်လှစ်ထားတဲ့ တန်းခွဲတွေကနေ လှူဒါန်းငွေ  တလအတွင်း ကျပ်သိန်း ၁၄၀ ကျော် လက်ခံရရှိခဲ့တယ်လို့ Spring University Myanmar (SUM) က  အသိပေးကြေညာထားပါတယ်။

အခုလိုရရှိခဲ့တဲ့ လှူဒါန်းငွေတွေထဲက စစ်ဘေးရှောင်ပြည်သူတွေကို ကျပ်သိန်း ၄၀ အပါအဝင် SUMCares  မှတဆင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ CDM ဝန်ထမ်းတွေအတွက် ကျပ်သိန်း ၅၀၊ ပညာရေးဆိုင်ရာ CDM ဝန်ထမ်းတွေအတွက် ကျပ် ၁၀ သိန်း၊ Law School မှ CDM ဝန်ထမ်းတွေအတွက် ကျပ် ၂ သိန်းခွဲ၊ STEM TOT Batch 3 က ဆရာ၊ ဆရာမ အယောက် ၁၀၀ အတွက် ကျပ်သိန်း ၃၀ နဲ့ ကျောင်းသူ၊ ကျောင်းသားအယောက် ၄၀ ရဲ့ Scholarship တွေအတွက် ကျပ်  ၁၀ သိန်းစီ လှူဒါန်း ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်း စစ်အစိုးရ လက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေး ရပ်တန့် မသွားဖို့၊ CDM သူရဲကောင်းတွေကို ပိုမိုလှူဒါန်းနိုင်ဖို့အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ ၉ ခု အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း CDM သူရဲကောင်းတွေကို  ပိုမိုထောက်ပံ့ပေးနိုင်ဖို့ CCP - Centre for College Preparation, School of Art, School of Education ကို ဖွင့်လှစ်ထားပါတယ်။

4 months Ago
Up