close

Suown Migrants Center

close

March 18, 2022

အာဏာဖီဆန် CDM ဝန်ထမ်းများအတွက် တောင်ကိုရီးယား ဝမ်ငွေ ၃ သန်း လှူဒါန်း

မြန်မာ့နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ အလုပ်သမားဝန်ကြီးဌာန လက်အောက်မှ CDM ဝန်ထမ်းတွေအတွက် တောင်ကိုရီးယားနိုင်ငံရှိ Suwon Migrants Center က ဝမ်ငွေ ၃ သန်း လှူဒါန်းသွားတယ်လို့ NUG အစိုးရရဲ့ မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

မြန်မာငွေကျပ်တန်ဖိုး ၄၅ သိန်းလောက်ရှိတဲ့ ဝမ် ၃ သန်းကို အလုပ်သမားဝန်ကြီးဌာနက CDM ဝန်ထမ်းတွေ ထောက်ပံ့ဖို့ NUG အစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို လာရောက်ပေးအပ် လှူဒါန်းသွားတာပါ။

အဲဒီလှူဒါန်းငွေကို CDM ဝန်ထမ်းတွေအတွက် ထောက်ပံ့နိုင်ဖို့ NUG အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနကို လွှဲပြောင်းပေးပို့သွားမယ်လို့ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံက အစိုးရ၊ လွှတ်တော်နဲ့ ပြည်သူတွေကပါ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဖြုတ်ချရေး လုပ်ဆောင်ချက်တွေကို အားပေးထောက်ခံနေသလို အခုလို ငွေကြေးလှူဒါန်းမှုတွေလည်း မကြာခဏ ပေးအပ်လေ့ရှိပါတယ်။

1 min Ago
Up