close

Super Bowl 57

close

February 10, 2023

အမေရိကန် ဘောလုံးပွဲစဉ်တွင် အဆိုတော် ရီဟားနား တိုက်ရိုက်ဖျော်ဖြေတင်ဆက်မည်

ဂရမ်မီဆု ၉ ဆုရှင် ကမ္ဘာ့နာမည်ကြီးအဆိုတော် ရီဟားနားဟာ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သူ အများကြီးမျှော်လင့်ထားတဲ့ Super Bowl 57 အမေရိကန်ဘောလုံးပွဲစဉ်မှာ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုနဲ့အတူ တဖန်ပြန်လာဖို့ရှိပါတယ်။

ဘာဘေးဒိုးစ်ကျွန်းနိုင်ငံဖွား အသက် ၃၄ နှစ်အရွယ် အဆိုတော်ဟာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလကတည်းက တကိုယ်တော်အယ်လ်ဘမ် မထွက်ရှိသေးတာကြောင့် ပရိသတ်တွေက သူရဲ့ဖျော်ဖြေမှုကို မျှော်လင့်စောင့်စားနေကြတာပါ။

Philadelphia Eagles အသင်းနဲ့ Kansas City Chiefs အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် အမေရိကန်ဘောလုံးပွဲစဉ် တဝက်ရပ်နားချိန်အတွင်း ရီဟားနားက ကာရေဘီယံ ယဉ်ကျေးမှုကို အသားပေးဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စတိတ်ဖန်းမ် အားကစားကွင်းကြီးထဲမှာ ပရိသတ် သန်းပေါင်းများစွာကို ဖျော်ဖြေရမှာ ဖြစ်တာကြောင့် ဒါဟာ ရီဟားနားအတွက် စိန်ခေါ်မှုတခုဖြစ်သလို ဒီလိုလုပ်ဆောင်နိုင်ဖို့ အတွက်လည်း ပြီးခဲ့တဲ့မေလမှာ မွေးဖွားခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရင်သွေးလေးက လှုံ့ဆော်မှုတခု ဖြစ်တယ်လို့ ပြောပါတယ်။

12 hours Ago
Up