close

SWIFT

close

February 28, 2022

ရုရှားဘဏ်များ SWIFT နိုင်ငံတကာငွေပေးချေမှုစနစ် အသုံးပြုခွင့်မရ

အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက ရုရှားဘဏ်တွေကို SWIFT နိုင်ငံတကာငွေပေးချေမှုစနစ်ထဲ ဝင်ခွင့်မရအောင် ဖေဖော်ဝါရီ ၂၆ ရက်က ပိတ်ဆို့မှု စတင်လုပ်ပါတယ်။

ဒီပိတ်ဆို့မှုက ရုရှားဗဟိုဘဏ်ရဲ့  နိုင်ငံတကာအရန်ငွေကြေးတွေကို ထိန်းချုပ် ကန့်သတ်ထားလိုက်တာပါ။

SWIFT နိုင်ငံတကာငွေပေးချေမှုစနစ်ကနေ ရုရှားဘဏ်တွေကို ဖြတ်တောက်လိုက်တာဟာ ကမ္ဘာအနှံ့ရှိ ရုရှားငွေကြေးစီးဆင်းမှုတွေကို ရပ်တန့်သွားစေပြီး၊ ရုရှား ပို့ကုန်-သွင်းကုန် လုပ်ငန်းတွေကို ထိရောက်စွာ ပိတ်ဆို့လိုက်တာလို့  ဥရောပကော်မရှင်ဥက္ကဋ္ဌ မစ္စ အာဆူလာဗွန်ဒါ လေယန်း က  ပြောပါတယ်။ 

“ရုရှားတပ်တွေက ကိယက်ဗ်နဲ့ ယူကရိန်း တခြားမြို့ကြီးတွေကို ကျူးကျော်တိုက်ခိုက်လာတာ ကြောင့် ကျမတို့က ထုထည်ကြီးမားတဲ့ ပိတ်ဆို့မှုတွေလုပ်ပြီး ရုရှားကို နစ်နာစေဖို့ ဆုံးဖြတ်ထားပါတယ်။ ကျမတို့ စီးပွားရေးတွေနဲ့ နိုင်ငံတကာဘဏ္ဍာရေးစနစ်တွေက ဝိုင်းကြဉ်ထား ပြီး ရုရှားကို ပိုအထီးကျန်အောင် လုပ်သွားမှာပါ” လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

54 seconds Ago
Up