close

Taylor Swift

close

March 24, 2023

အဆိုတော် တေလာဆွစ် အစားအသောက်ဘဏ်များအတွက် လှူဒါန်း

နာမည်ကျော်အဆိုတော် တေလာဆွစ်က သူ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ “The Eras Tour” မှာ ရောက်ရှိတဲ့မြို့တွေမှာရှိတဲ့ ဒေသခံ အစားအသောက်‌ဘဏ်တွေကို အလှူငွေတွေ ဆက်တိုက်လှူဒါန်းနေပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂရမ်မီဆုရှင် တေလာဟာ နီးဗားဒါးအခြေစိုက် အကျိုးအမြတ်မယူတဲ့ Three Square food bank ကို လှူဒါန်းခဲ့ပြီး နောက် မတ်လ ၂၂ ရက်က အင်စတာဂရမ်ပို့စ်မှာ ချီးကျူးခံခဲ့ရပါတယ်။

Three Square အဖွဲ့က “ထောင်ပေါင်းများစွာသော မိသားစုတွေနဲ့ ငတ်မွတ်မှုဒဏ် ခံစားနေရတဲ့ မိသားစုတွေအတွက် ကျနော်တို့ အစားအသောက် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်နဲ့ ဒေသခံအသိုင်းအဝိုင်းကို ထောက်ပံ့ပေးတဲ့အတွက် မစ္စဆွစ်ကို ကျေးဇူးတင်ပါတယ်” လို့ ရေးသားထားပါတယ်။

အဆိုတော် တေလာဆွစ်ဟာ သောကြာနဲ့ စနေနေ့မှာ လတ်စ်ဗီးဂတ်စ်ရှိ Allegiant Stadium မှာ beadoobee နဲ့ GAYLE နဲ့အတူ ဖွင့်ပွဲကို စတင်ဖို့ စီစဉ်ထားပါတယ်။

Source-Daily Mail

2 hours Ago
Up