close

Telecom Intercept Spyware

close

May 19, 2021

တယ်လီဖုန်းလိုင်းများကြားဖြတ်နားထောင်ရန် အာဏာမသိမ်းခင် စစ်တပ်ကကြိုတင်စီစဉ်ခဲ့

စစ်တပ်ဟာ တယ်လီဖုန်းလိုင်းတွေကို ကြားဖြတ်နားထောင်နိုင်တဲ့ spyware နည်းပညာပစ္စည်းတွေ တပ်ဆင်ကြဖို့ ပြီးခဲ့တဲ့  ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာမသိမ်းခင် လပေါင်းများစွာကတည်းက တယ်လီကွန်း ကုမ္ပဏီတွေကို အမိန့်ပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

စစ်တပ်ဟာ အဲဒီနည်းပညာကို အသုံးပြုပြီး ပြည်သူလူထုရဲ့ ဖုန်းခေါ်ဆိုမှုတွေ (SMS) စာတိုပေးပို့မှုတွေ၊  အီးမေးလ်စာပို့တာတွေကို ဖုန်းအော်ပရေတာနဲ့ အင်တာနက်ကုမ္ပဏီရဲ့ အကူအညီနဲ့ ခွင့်ပြုချက်မလိုအပ်ပဲ ကြားဖြတ်နားထောင် ဖတ်ရှုနိုင်မယ့်အပြင် ဘယ်နေရာ ရောက်နေတယ်ဆိုတာကိုပါ စောင့်ကြည့်ထောက်လှမ်းနိုင်လာမှာ ဖြစ်ပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက စစ်တပ်အရာရှိဟောင်းတွေနဲ့အတူ စစ်တပ်ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဌာနက အရာရှိတွေ အဲဒီအမိန့်ကို အသိပေးခဲ့တယ်လို့ ဆက်သွယ်ရေးကုမ္ပဏီ အဆင့်မြင့် အရာရှိတယောက်က ရိုက်တာကို ပြောပြထားပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၉-၂၀၂၁ ဘတ်ဂျက်ထဲမှာ အများပြည်သူကို ချပြမထားပေမယ့် ဒေါ်လာ ၄ သန်းဖိုးရှိတဲ့ ထောက်လှမ်းခြေရာခံနိုင်တဲ့ အင်တာဆက်ပ် intercept spyware နည်းပညာပစ္စည်းတွေဝယ်ယူဖို့ ပါဝင်တဲ့အကြောင်း Justice for Myanmar အဖွဲ့က ရရှိတဲ့ အထောက်အထားတွေအရ သိရပါတယ်။

အဲဒီ ခြေရာခံ ကြားဖြတ်စပိုင်နည်းပညာပစ္စည်းတွေကို တယ်လီဖုန်းနဲ့ အင်တာနက် ကုမ္ပဏီတွေအားလုံးမှာတော့ မတပ်ဆင်ရသေးဘူးလို့ သိရပေမယ့် ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်အသုံးပြုနေနိုင်ပြီလဲ ဆိုတာကိုတော့ စုံစမ်းအတည်ပြုနိုင်ခြင်းမရှိဘူးလို့  ရိုက်တာသတင်းမှာ ရေးသား ဖော်ပြထားပါတယ်။

1 min Ago
Up