နော်ဝေနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကရောင်းချခဲ့တဲ့ ကားအသစ်ငါးစီးအနက် လေးစီးလောက်ဟာ ဘက်ထရီစွမ်းအင်သုံး Tesla လျှပ်စစ်ကားတွေဖြစ်ပြီး ဒီကားအမျိုးအစားဟာ နော်ဝေမှာ ၂ နှစ်ဆက်တိုက် အရောင်းရဆုံးကားတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ကားတွေရောင်းတာကိုရပ်ပစ်နိုင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာဖို့ ကြိုးစားနေတဲ့ နော်ဝေဟာ အခု ဘက်ထရီစွမ်းအင် အပြည့်အဝသုံးတဲ့ လျှပ်စစ်ကား (BEV) တွေအတွင်း လောင်ကျွမ်းမှုအင်ဂျင် (ICE) ကို သုံးထားရင် အခွန်ကင်းလွတ်ခွင့် ပေးထားပြီး မသုံးထားရင်တော့ အခွန်ကင်းလွတ်ခွင့် မပေးထားပါဘူး။
လျှပ်စစ်ကားအသစ်တွေရဲ့ စျေးကွက်ဝေစုဟာလည်း ၂၀၂၁ ခုနှစ်မှာ ၆၅ ရာခိုင်နှုန်းကနေ ၂၀၂၂ မှာ ၇၉ ဒသမ ၃ ရာခိုင်နှုန်း ရှိလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုမှာ ၂ ဒသမ ၉ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တယ်လို့ Norwegian Road Federation (OFV) က ပြောပါတယ်။
Tesla ကုမ္ပဏီထုတ်ကားတွေဟာ နော်ဝေမှာရှိတဲ့ ကားစျေးကွက်တခုလုံးရဲ့ ရှယ်ယာ ၁၂ ဒသမ ၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၂ နှစ်ဆက်တိုက် နံပါတ်တစ် အမှတ်တံဆိပ် ဖြစ်လာခဲ့တာပါ။
Volkswagen ကတော့ ၁၁ ဒသမ ၆ ရာခိုင်နှုန်း စျေးကွက်ဝေစုနဲ့ ရပ်တည်ခဲ့ပါတယ်။ Tesla မော်ဒယ်လ် Y ဟာ အခုနှစ်မှာ လူကြိုက်အများဆုံး မော်ဒယ်ဖြစ်ပြီး Volkswagen ရဲ့ လျှပ်စစ် ID.4 ကားကက ဒုတိယနေရာ၊ Skoda Enyaq က တတိယနေရာမှာ အသီးသီးရှိနေပါတယ်။
လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla အမှုဆောင်အရာရှိချုပ် Elon Musk ဟာ စက်တင်ဘာ ၃၀ ရက်က ကယ်လီဖိုးနီးယား၊ Palo Alto ရှိ Tesla ရုံး ရဲ့ "AI Day" ပွဲမှာ လူသားဆန်တဲ့စက်ရုပ် 'Optimus' ကို ထုတ်ပြခဲ့ပါတယ်။
သူတို့ရည်မှန်းချက်ကတော့ အသုံးဝင်တဲ့ လူသားဆန်ဆန် စက်ရုပ်ကို တတ်နိုင်သမျှ မြန်မြန် ဖန်တီးဖို့ ဖြစ်တယ်လို့ Musk က ပြောကြားခဲ့ပါတယ်။
ကားကို ဒီဇိုင်းဆွဲရာမှာ အသုံးပြုတဲ့ စည်းကမ်းအတိုင်း ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဒီစက်ရုပ်မျိုးကို စရိတ်စက နည်းနည်း၊ တာဝန်ခံနိုင်မှုများများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ရမယ်လို့လည်း သူက ဆိုပါတယ်။
'Optimus' ကို ဒိထက် အရည်အသွေး ပိုမြှင့်ပြီး အများကြီးလုပ်စရာ ကျန်နေသေးကြောင်းလည်း သူက ပြောပါတယ်။
လက်ရှိ ဒီစက်ရုပ်တွေမှာ ဦးနှောက် မထည့်ထားတာကြောင့် ကမ္ဘာကြီးကို သူတို့ဖာသာ စီမံညွှန်ကြားဖို့ အသိဉာဏ်မရှိကြောင်း Musk က ပြောဆိုပါတယ်။
အခုတော့ အရမ်းဈေးကြီးပြီး စွမ်းဆောင်ရည်လည်း နိမ့်သေးတယ်လို့ ဆိုပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် Optimus ဟာ အလွန်မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ထုတ်လုပ်မယ့် အလွန်အမင်း စွမ်းဆောင်နိုင်တဲ့ စက်ရုပ်ဖြစ်လာဖို့ရှိပြီး ဒီစက်ရုပ်ဟာ ကားတစီး တန်ဖိုးအောက် အများကြီးသက်သာမယ်လို့ ခန့်မှန်းရပြီး ဒေါ်လာ ၂ သောင်းအောက်လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
သန်းကြွယ်သူဌေး Musk က စက်ရုပ်လုပ်ငန်းဟာ သူ့ကားတွေထက် ပိုတန်ဖိုးရှိလိမ့်မယ်လို့ ပြောထားဖူးပြီး ကတိတွေ အထပ်ထပ်ပေးခဲ့ပေမယ့် လက်တွေ့ဖြစ်မလာသေးတဲ့ မောင်းသူမဲ့ ကားတွေ ထပ်ချဲ့ထွင်နိုင်ဖို့ မျှော်လင့်နေပါတယ်။