close

The Mind Series

close

June 23, 2021

စိတ်ကျန်းမာရေးရန်ပုံငွေ ပွဲစဉ်အဖြစ် အာဆင်နယ်၊ ချဲလ်ဆီးနှင့် စပါးတို့ ပတ်လည်ယှဉ်ပြိုင်မည်

လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ စပါးအသင်းတို့ဟာ စိတ်ကျန်းမာရေးရန်ပုံငွေ ပွဲစဉ်အနေနဲ့ ရာသီကြို ခြေစမ်းကြမှာ ဖြစ်ပါတယ်။ 

ယူကေအခြေစိုက် စိတ်ကျန်းမာရေးပရဟိတအဖွဲ့တွေနဲ့အတူ သက်ဆိုင်ရာကလပ်အသင်းတွေရဲ့ ဖောင်ဒေးရှင်းတွေကလည်း အလှူငွေတွေ ထည့်ဝင်သွားမယ်လို့ သိရပါတယ်။ 

လန်ဒန် ထိပ်သီး ၃ သင်း ယှဉ်ပြိုင်မယ့် အဲဒီပြိုင်ပွဲအမည်ကို The Mind Series  လို့ အမည်ပေးထားပါတယ်။

သြဂုတ် ၃ ရက်မှာ အဖွင့်ပွဲစဉ်အနေနဲ့ အာဆင်နယ်က ချဲလ်ဆီးအသင်းနဲ့ အီမရိတ်ကွင်းမှာ လက်ခံကစားသွားမှာပါ။ 

သြဂုတ် ၄ ရက်မှာ ချဲလ်ဆီးက စပါးအသင်းကို လက်ခံကစားရမှာဖြစ်ပြီး သြဂုတ် ၈ ရက်မှာ အာဆင်နယ်နဲ့ စပါးတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ 

ဒီလို လူမှုရေးရန်ပုံငွေပြိုင်ပွဲ ကစားရမယ့်အပေါ်မှာ ကျေနပ်ကြောင်းလည်း ချဲလ်ဆီးနည်းပြ တူချယ်နဲ့ အာဆင်နယ်နည်းပြ အာတီတာတို့က ပြောပါတယ်။ 

အဲဒီပွဲတွေအတွက် လက်မှတ်တွေကိုတော့ လာမယ့်တပတ်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ 

49 mins Ago
Up