close

UEFA

close

March 8, 2023

ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဖြစ်ရပ်အတွက် လီဗာပူးပရိသတ်ကို UEFAက ငွေပြန်အမ်းမည်

၂၀၂၂ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေအတွက် လီဗာပူးပရိသတ်တွေအားလုံးကို UEFAက ငွေပြန်အမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာပါ။ ပွဲမစခင်မှာ ကွင်းထဲဝင် ရောက်ဖို့အတွက် ပရိသတ်များစွာ ပရမ်းပတာဖြစ်ခဲ့ရပြီး ပြင်သစ်ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။

ဒါကြောင့်ပွဲစဉ်ကိုလည်း ၃၆ မိနစ်နောက်ကျပြီးမှာ ကျင်းပခဲ့ရပြီး အဲဒီဖြစ်ရပ်အတွင်းမှာ လီဗာပူးပရိသတ်အများအပြားဟာ လက်မှတ်ကိုင်ဆောင်ထားပေမဲ့ ကွင်းထဲဝင်ခွင့်မရခဲ့ဘဲ အိမ်ပြန်ခဲ့ရတာပါ။

အဲဒီဖြစ်ရပ်အပေါ် ပရိသတ်တွေရဲ့သောင်းကျန်းပုံကို ယူအီးအက်ဖ်အေက အပြစ်ဖို့ခဲ့ပေမဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ခဲ့ပြီးနောက်မှာ ပြိုင်ပွဲကျင်းပရေးအပေါ်မှာပဲ တာဝန်ရှိကြောင်း ပေါ်ပေါက်ခဲ့တာပါ။

ဒီကြောင့် ဝင်ခွင့်မရတဲ့ လီဗာပူးပရိသတ်တွေအပါအဝင် ဗိုလ်လုပွဲလာကြည့်တဲ့ ပရိသတ်စုစုပေါင်း ၁၉၆၁၈ ယောက်အတွက်  လက်မှတ်ခတွေကို ပြန်လည်ပေးအပ်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်မှတ်ခငွေ ပြန်ရကြမယ့်အပေါ် လီဗာပူး ပရိသတ်အဖွဲ့တွေကလည်း ကြိုဆိုခဲ့ကြပြီး ယူအီးအက်ဖ်အေက ပြန်အမ်းရမယ့်ပမာဏဟာ စုစုပေါင်း ပေါင် ၃ သန်းခွဲအထိရှိပါတယ်။ 

6 mins Ago

February 11, 2023

ပရီးမီးယားလိဂ်၏ စွပ်စွဲချက်ကို UEFA တွင်ဖြေရှင်းပြီးဟု ဂွါဒီယိုလာပြော

ပရီးမီးယားလိဂ်ရဲ့ စွပ်စွဲချက်တွေကို ဥရောပဘောလုံးအဖွဲ့ချုပ် UEFA မှာကတည်းက ဖြေရှင်းခဲ့ ပြီးသားဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ 

မန်စီးတီးအသင်းဟာ ဘဏ္ဍာရေး ဆိုင်ရာချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး  ပရီးမီးယားလိဂ်က အရေးယူဖို့လုပ်ဆောင်နေသလို UEFA ကလည်း အလားတူ စုံစမ်းစစ်ဆေးခဲ့ပါသေးတယ်။

မန်စီးတီးဟာ ဥရောပချန်ပီယံလိဂ်ပွဲ ပြိုင်ပွဲ ၂ နှစ်ဆက်ကစားခွင့်ပိတ်ပင်ကြောင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရသလို ဒဏ်ကြေးယူရိုသန်း ၃၀ ဆောင်ဖို့လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 

ဒါပေမဲ့ အားကစားခုံရုံးမှာအယူခံတင်သွင်းခဲ့ပြီးနောက် ဒဏ်ကြေး ယူရို ၁၀ သန်းပဲ ပေးဆောင်ဖို့ ပြောင်းလဲ ဆုံးဖြတ်ခဲ့တာပါ။ 

ပရီးမီးယားလိဂ်ရဲ့ စွပ်စွဲချက်တွေဟာလည်း UEFA နဲ့ ဖြစ်ရပ်တုန်းကလို တူညီပြီး မန်စီးတီး အသင်းက အပြစ်ကင်းစင်တယ်ဆိုတာ သက်သေပြခဲ့ပြီးသားဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

လိဂ်ပြိုင်ဘက် ၁၉ သင်းဘက်က ဘယ်လိုပဲ ပြောပြော အသင်းတာဝန်ရှိသူတွေရဲ့ ဖြေရှင်းချက်ကို သာ အပြည့်အဝယုံကြည်ကြောင်းလည်း ဂွါဒီယိုလာက ပြောသွားပါတယ်။ 

4 weeks Ago
Up