close

UG VPN

close

May 10, 2022

UG VPN ကို အသုံးပြုပေးကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ 7PDF- MDY တောင်းဆို

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ Seven People Defense Force -Mandalay အဖွဲ့က မြို့ပြကြောက်ကျားတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF  တွေကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး UG VPN ကို Application ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဟာ ရန်သူရဲ့ သားရဲတွင်းထဲမှာ လှုပ်ရှားရတာဖြစ်လို့ ပွင့်လင်းမြင်သာစွာ အလှူငွေ ကောက်ခံရတာ အခတ်အခဲရှိပါတယ်။ 

“မြို့ပြမှာ လှုပ်ရှားထားတဲ့ မစ်ရှင်တွေချဖို့ လုံခြုံရေးပိုင်း စိတ်မချရတာကြောင့် ပြည်သူလူထုရဲ့ အာရုံစိုက်မှု ထောက်ပံ့မှုတွေက UG တွေအပေါ်မှာ သိပ်မရှိပါဘူး။ လက်နက်ခဲယမ်းဖိုး နဲ့ တော်လှန်ရေးအတွက် လိုအပ်ချက်တွေကြောင့် အွန်လိုင်းကနေ ဝင်ငွေရှာဖို့ ကြိုးစားရင်း UG VPN လုပ်ဖို့ ရွေးချယ်ခဲ့တာ” လို့ Seven People Defense Force -Mandalay မှ ရဲဘော်ကျားခင်စိန်က ဒီဗွီဘီကို ပြောပါတယ်။

UG VPN ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ စတင်အကောင်ထည်ဖော်ခဲ့ပြီး လက်ရှိအချိန်မှာ Android ဖုန်းတွေမှာ အဆင်ပြေချောမွေ့ စွာ အသုံးပြုနိုင်နေပြီလို့ ဆိုပါတယ်။

UG VPN ကိုအသုံးပြုမယ်ဆိုရင် Free အနေနဲ့ ၅ နိုင်ငံ အသုံးပြုလို့ရမှာဖြစ်ပြီး C2D ၊ YouTube Streamer နဲ့ Clicker & streamer တို့ အတွက် US Location ဆိုရင် Premium ဝယ်ပီး သုံးရင် ကြော်ငြာစရာမလိုပေမဲ့ မဝယ်ရင် ကြော်ငြာကြည့်ရမှာ ဖြစ်ပါတယ်။

Premium Version ကို ပြည်တွင်း ပြည်ပကနေ  Phone Bill နဲ့  Gmail အကောင့် ရှိရုံနဲ့ လုံခြုံစိတ်ချစွာ Premium Package ကို ဝယ်ယူအသုံးပြုလို့ ရနိုင်ပါတယ်။

ပြည်သူလူထုတွေအနေနဲ့ UG VPN ကို အသုံးပြုခြင်းဖြင့် တော်လှန်ရေးမှာ ပါဝင်ထောက်ပံ့နိုင်သလို မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တွေ အကြောင်းအမျိုးမျိုးကြောင့် မြို့ကိုစွန့်ခွာပြီး လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ရတဲ့အပေါ်လည်း မန္တလေးက ပြည်သူတွေ နားလည်ပေးကြဖို့ တောင်းဆိုထားပါတယ်။

47 mins Ago
Up