ဂျာမနီအဓိပတိ အိုလာ့ဖှ် ရှို့လ်ဇ်ဟာ နိုင်ငံရဲ့အကြီးဆုံးဓာတ်ငွေ့တင်သွင်းသူ Uniper အတွက် ဒေါ်လာဘီလီယံပေါင်း များစွာတန်တဲ့ ကယ်ဆယ်ရေးအစီအစဉ်ကို ဇူလိုင် ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။
ဂျာမနီနိုင်ငံရဲ့ အကြီးမားဆုံး ဓာတ်ငွေ့တင်သွင်းသူ Uniper ဟာ ရုရှားရဲ့ဓာတ်ငွေ့တင်ပို့မှု လျှော့ချ ခြင်းကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ပတ်က ဂျာမန်အစိုးရဆီက အထောက် အပံ့ တောင်းခံခဲ့ရပါတယ်။
ကယ်ဆယ်ရေးသဘောတူညီချက်အရ ဂျာမနီအစိုးရဟာ Uniper ရဲ့ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ရယူမှာဖြစ်ပြီး ကုမ္ပဏီကို ဘဏ္ဍာရေးပိုင်းမှာ ယူရို ၇ ဒသမ ၇ ဘီလီယံအထိ ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလကစပြီး ဓာတ်ငွေ့သုံးစွဲသူတွေကို မြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ ဖြန့်ဖြူးခွင့်ပြုမှာပါ။
ဂျာမန်အစိုးရပိုင်ဖွံ့ဖြိုးရေးဘဏ် KfW နဲ့ Uniper ရဲ့အကြွေးလိုင်းဟာ ယူရို ၂ ဘီလီယံ ကနေ ယူရို ၉ ဘီလီယံအထိ သိသိသာသာ တိုးလာခဲ့ပါတယ်။