close

URF

close

August 3, 2022

မင်္ဂလာဒုံမြို့နယ်တရားရုံး ရဲကင်းစခန်း ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တရားရုံး၊ ရဲကင်းစခန်းကို ဩဂုတ် ၂ ရက် ည ၈ နာရီ ၁၅ မိနစ် ဝန်းကျင်မှာ စုပေါင်းတော်လှန်ရေးတပ်ဖွဲ့ (U.R.F) နဲ့ မဟာမိတ်တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“Mission အောင်တယ်။ ရဲကင်းစခန်းထဲကို ပစ်ထည့်လိုက်ချိန်မှာ တယောက်ထိသွားတယ်လို့ ကြားပါတယ်။ ပေါက်ကွဲမှုကတော့ တချက်တည်းပါ။ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ တရားမျှတမှုကင်းမဲ့ပြီး သေဒဏ်ပေးနေတဲ့ တရားစီရင်ရေးနဲ့ ဆက်စပ်သူတွေကို ‘သွေးကြွေးအတွက် အောင်မြေနင်းမည့် ရန်ကုန်စစ်ဆင်ရေး’ Mission က ထပ်မံတိုက်ခိုက်သွားမှာပါ” လို့ URF တာဝန်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

‘သွေးကြွေးအတွက် အောင်မြေနင်းမည့် ရန်ကုန်စစ်ဆင်ရေး’ ကို ဇူလိုင် ၂၉ ရက်နေ့ညမှာ ပထမဆုံးအကြိမ် စတင်ခဲ့တယ်လို့ UG လူငယ်တွေက အတည်ပြုပါတယ်။

ဇူလိုင် ၂၉ ရက် ညပိုင်းက အင်းစိန်မြို့နယ်၊ မင်းစေတီမှတ်တိုင်အနီးက  အင်းစိန်ထောင်ဝန်ထမ်းလိုင်းခန်းကို စုပေါင်းတော်လှန်ရေးတပ်ဖွဲ့ U.R.F နဲ့ မဟာမိတ်အဖွဲ့‌တွေက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ အပါအဝင် နိုင်ငံရေးသမား ၄ ယောက်ကို သေဒဏ်ကြိုးပေးစီရင်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က နည်းလမ်းစုံနဲ့ တုံ့ပြန်တာတွေ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။

2 mins Ago
Up