close

UURF(ရေစကြို)

close

September 20, 2022

ပခုက္ကူမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ ဦးသေ၊ ၂ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက်သေဆုံး၊ ၂ ယောက်အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ Urban Underground Revolution Force(ရေစကြို) အဖွဲ့ဆီကနေ သိရပါတယ်။ 

ပခုက္ကူမြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်က အရှေ့ဘုန်းကန်ရွာမှာတပ်စွဲထားတဲ့ စစ်(...) ၂၀ ကျော်လောက်ကို မနေ့က စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာ UURF အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၇ ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ UURF(ရေစကြို)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်Kချစ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အချိန် ၁ နာရီလောက် ပစ်ခတ်တိုက်ခိုက်လို့ စစ်(...) တယောက်နေရာမှာတင် ပွဲချင်းပြီးသေဆုံးတယ်။ အပြင်းအထန် ဒဏ်ရာရသူ ၅ ယောက်ကို ဆေးရုံပို့ဖို့ နာရေးကားနဲ့ လာခေါ်ရာမှာလည်း ကားပေါ်မှာ ၃ ယောက်သေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ပေမယ့် မဟာမိတ်တပ်ဖွဲ့တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဗိုလ်Kချစ်က ပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

48 seconds Ago
Up