close

Vaccine Passports

close

November 2, 2021

တောင်ကိုရီးယားတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသက်သေခံ Vaccine Passports မိတ်ဆက်

တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အတူယှဉ်တွဲနေထိုင်ရေး အစီအစဉ်အတွက် ရည်မှန်းထားတဲ့ စည်းမျဉ်းသစ်တွေ နိုဝင်ဘာ ၁ ရက်က စတင်အသက်ဝင်ပြီး ကူးစက်ဘေး မြင့်မားတဲ့ နေရာတွေမှာ ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံဖြစ်တဲ့ Vaccine Passports တွေကို စတင်မိတ်ဆက်လိုက်ပါတယ်။

ပြန်သုံးသပ်ထားတဲ့ စည်းမျဉ်းတွေရဲ့ ပထမအဆင့်က တလကြာမှာ ဖြစ်ပြီး ကန့်သတ်ချက် အားလုံးကို ဖေဖော်ဝါရီလမှာ ပယ်ဖျက်ဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အပြောင်းအလဲတွေထဲမှာ အားကစားခန်းမတွေ၊ ချွေးထုတ်ခန်းတွေ၊ ဘားတွေနဲ့ သက်ကြီး ကပွဲခန်းမတွေ စားသောက်ဆိုင်နဲ့ ကဖေးဆိုင်တွေ ဖွင့်နိုင်တဲ့ အချိန်ကန့်သတ်ချက်ကို ပယ်ဖျက်ထားပြီး ဟင်းလင်းပြင် အားကစားပွဲစဉ်တွေမှာ ပွဲကြည့်ပရိသတ် အရေအတွက်ကို ခါတိုင်း ဝင်ဆံ့တဲ့ ဦးရေရဲ့ထက်ဝက်ထိ ခွင့်ပြုမှာပါ။

ဘယ်တုန်းကမှ အသွားအလာ ပိတ်ဆို့ကန့်သတ်တာ မလုပ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဇူလိုင်လကစပြီး ကိုဗစ်-၁၉ ကပ်ရောဂါ စတုတ္ထလှိုင်းကို ရင်ဆိုင်နေရတာကြောင့် အစိုးရက လူစုလူဝေးနဲ့ လူချင်းခွာနေရမယ့် ကန့်သတ်ချက်တွေကို တင်းကျပ်ခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံအတွင်း ပြည်သူ ၇၅ ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေး အပြည့်အဝ ထိုးနှံပြီးစီးပြီဖြစ်လို့ ခုလို အပြောင်းအလဲလုပ်ဖို့ အာရုံစိုက်လာတာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ အောက်တိုဘာ ၃၁ ရက်ထိ စုစုပေါင်း ကူးစက်ခံဦးရေ ၃၆၆,၀၀၀ ကျော်ခဲ့ပြီး ကူးစက်ခံ သေဆုံးသူ ဦးရေစုစုပေါင်း ၂,၈၅၈ ဦး ရှိခဲ့ပါတယ်။

12 hours Ago
Up