VAR စနစ်ကို ပရီးမီးယားလိဂ်မှာ ပြန်လည်ရုပ်သိမ်းသင့်ပြီလားလို့ အာဆင်နယ်ကစားသမားဟောင်း မာတင်ကီယွန်က မေးခွန်းထုတ်သွားပါတယ်။
ရုပ်သံအနှေးပြကွက်နဲ့ ပြန်လည်ကြည့်ရှုပြီး ဆုံးဖြတ်တဲ့ VAR စနစ်ကို တာဝန်ယူတဲ့ ဒိုင်တွေဟာ အခုတစ်ပတ်ပွဲစဉ် ၂ ပွဲမှာ အမှားပြုလုပ်ခဲ့ကြတာပါ။
လူကျွံဘောဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း အာဆင်နယ်နဲ့ ဘရိုက်တန်အ သင်းတွေဆီ တောင်းပန်စာပို့ခဲ့ပါတယ်။
အာဆင်နယ်ကစားသမားဟောင်း မာတင်ကီယွန်ကတော့ အမှားများလာတဲ့ VAR စနစ်ကို ပရီးမီးယားလိဂ်မှာ ရုပ်သိမ်းသင့်ပြီလားလို့ မေးခွန်းထုတ်ခဲ့ပြီး အဲဒီလို မှားယွင်းမှုတွေဟာ ရုပ်ဆိုးအကျည်းတန်ကြောင်း ပြောပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းက သေချာလေ့ကျင့်ပေးထားတဲ့ ထိပ်တန်း VAR ဒိုင် ၇ ဦးအထိ အသုံးပြုခဲ့တာကြောင့် အငြင်းပွားဖွယ်ရာ မရှိခဲ့ကြောင်း ပရီးမီးယားလိဂ်မှာတော့ VAR ဒိုင်တွေ လုံလောက်မှုမရှိလို့လား၊ အချိန်ယူပြီး မစစ်ဆေး ခဲ့တားလားလို့ မာတင်ကီယွန်က မေးခွန်းထုတ်သွားခဲ့ပါတယ်။