close

We Pledge CDM အဖွဲ့

close

June 30, 2021

ကျန်းမာရေး၊ ပညာရေး CDM သူရဲကောင်း ၅၀၁ ဦးအတွက် We Pledge CDM အဖွဲ့က ငွေ ကျပ်သိန်း ၂၅၀ ထောက်ပံ့

စစ်အာဏာရှင်စနစ်ဆန့်ကျင်​ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ CDM သူရဲကောင်းဝန်ထမ်း ၅၀၁ ယောက်ကို We Pledge CDM အဖွဲ့က ငွေကျပ်သိန်း ၂၅၀ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအလှူငွေတွေကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ ကောက်ခံရရှိတဲ့ အလှူငွေတွေထဲက အမှန်တကယ်လိုအပ်နေတဲ့ CDM သူရဲကောင်းတွေကို CRPH ရဲ့ ထောက်ခံချက်နဲ့ We Pledge CDM အဖွဲ့က သေချာစိစစ်ပြီး ပြန်လည်ခွဲဝေ လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

  We pledge CDM ကတဆင့် လှူဒါန်းလိုက်တဲ့ အလှူငွေတွေ အကျိုးရှိတဲ့နေရာမှာ ထိုက်တန်စွာအသုံးချနေကြောင်းကို သိရှိပြီး ပီတိဖြစ်စေဖို့ ရည်ရွယ်ကာ “We Share To” အစီအစဉ်ကိုလည်း အပါတ်စဉ် စနေနေ့တိုင်း We Pledge CDM ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ပေးနေတာ ဖြစ်ပါတယ်။

  ခုတခါ လှူဒါန်းလိုက်တဲ့ CDM သူရဲကောင်းတွေထဲမှာတော့ နေပြည်တော်၊ ကျောက်ဆည်၊ မအူပင်နဲ့ ရန်ကုန်မြို့တွေက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန CDM ဝန်ထမ်းတွေ၊ ပညာရေးဝန်ကြီးဌာန CDM ဝန်ထမ်းတွေ အသီးသီးပါဝင်နေပါတယ်။

လက်ရှိအချိန်ဟာ နွေဦးတော်လှန်ရေးရဲ့ ထောက်တိုင်သုံးခုဖြစ်တဲ့ CDM၊ PDF နဲ့ NUG တို့အတွက် အကူအညီအထောက်အပံ့တွေ အထူးလိုအပ်နေတဲ့ကာလဖြစ်နေပြီး တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ တခြားထောက်တိုင်တွေနည်းတူ PDF လူငယ်တွေအတွက်လည်း အကူအညီတွေ အထူးလိုအပ်နေတယ်လို့ We pledge CDM က ပြောထားပါတယ်။

6 mins Ago
Up