close

Women Generation

close

March 7, 2022

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီး ဖူဆယ် ဘောလုံးပွဲကျင်းပ (ဓာတ်ပုံ)

မတ် ၈ ရက်နေ့ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီး ဖူဆယ် ဘောလုံးပြိုင်ပွဲကို ရခိုင်အခြေစိုက် Women Generation အဖွဲ့က ကျင်းပနေတယ်။

အဆိုပါပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မတ်လ ၅ ရက်နေ့က စတင်ပြုလုပ်နေပြီး အမျိုးသမီး ဘောလုံးအသင်း ခြောက်သင်းက ပါဝင်ယှဥ်ပြိုင် ကစားနေကြပါတယ်။

Women Generation အဖွဲ့ ဥက္ကဋ္ဌ မခင်မြင့်ဇော်က “အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ စွမ်းဆောင်နိုင်တယ် ဆိုတာရယ်။ နောက်တချက်က ကိုဗစ်စည်းကမ်းချက်နဲ့ အညီလည်း ဖြစ်အောင်ပါ။ နောက်ပြီး အမျိုးသမီးတွေရဲ့လှုပ်ရှားမှုတွေကို စုစည်းနိုင်အောင်လည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဘောလုံးပွဲကစားရာမှာ အမျိုးသမီးအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေး စာတန်းများ ပါဝင်တဲ့ ဘောလုံးအင်္ကျီများကို ဝတ်ဆင်ကစားကြပြီး လှုပ်ရှားမှုစာတမ်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

“ယောကျာ်းလေးတွေကတော့ နေ့တိုင်း ကစားနေကြပေမယ့် မိန်းကလေးတွေကတော့ နေ့တိုင်း ကစားဖို့အဆင်မပြေပါဘူး။ ဒါပေမဲ့ စွမ်းဆောင်နိုင်တယ် ဆိုတာကို ကစားပြတာပါ” လို့ ပါဝင်ကစားနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ်မှ စတင်ကာ ကမ္ဘာတဝန်းလုံးမှာ နှစ်စဥ် ကျင်းပလေ့ရှိပါတယ်။

12 hours Ago
Up