မက္ကဆီကိုနိုင်ငံမှာ ယှဉ်ပြိုင်နေတဲ့ WTA Finals အမျိုးသမီး တဦးချင်း တင်းနစ်ပွဲစဉ်မှာ Paula Badosa က Aryna Sabalenka ကို အနိုင်ရသွားပါတယ်။
ဒီပွဲမှာ စပိန် နိုင်ငံသူ Badosa ဟာ ကမ္ဘာ့နံပါတ် ၂ ဖြစ်တဲ့ ဘီလာရူနိုင်ငံသူ Sabalenka ကို ၆-၄ ၆-၀ နဲ့ အနိုင်ရခဲ့ပါတယ်။
Sabalenka ဟာ ပြိုင်ပွဲတလျှောက် ၁၀ ပွဲ ကစား၊ ၁၀ ပွဲစလုံး အနိုင်ရခဲ့သလို ကမ္ဘာ့နံပါတ် ၂ ကိုပါ အံ့သြစရာ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် Sabalenka ဟာ ပြီးခဲ့တဲ့ လတုန်းက Indian Wells ဖလားကို ရရှိခဲ့ပါတယ်။
မက္ကဆီကို နိုင်ငံ Guadalajara မြို့မှာ ကျင်းပနေတဲ့ WTA Finals ပွဲစဉ်တွေမှာ အုပ်စုတစုကို ၄ ယောက်စီနဲ့ နှစ်အုပ်စုခွဲပြီး ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ အုပ်စု တစ်ခုစီက နှစ်ယောက်စီက အကြိုဗိုလ်လုပွဲဆီမီးကို တက်လာကြမှာ ဖြစ်ပါတယ်။
WTA Finals ကို အရင်နှစ်က တရုတ်နိုင်ငံ ရှန်ကျန်းမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ ကိုဗစ် ကပ်ဘေးကြောင့် မကျင်းပနိုင်ခဲ့ဘဲ ဒီနှစ် မက္ကဆီကိုနိုင်ငံမှာ ကျင်းပနိုင်တာ ဖြစ်ပါတယ်။