close

YBS မီးလောင်း

close

November 16, 2021

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၌ YBS ၁ စီးမီးလောင်၊ လှိုင်မြင့်မိုရ် အိမ်ရာတွင် စစ်တပ်က သေနတ်ပစ်ဖောက်

ရန်ကုန်တိုင်း၊  ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာအတွင်းက YBS  ၄ ကားဂိတ်မှာ နိုဝင်ဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်က ရပ်ထားတဲ့ YBS ယာဉ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဒေသခံတဦးက “မနက် ၁၁ နာရီလောက်က ကားလောင်တာ၊ ပေါက်ကွဲသံလည်းမကြား၊ မသင်္ကာစရာလည်း မတွေ့ဘူး။ ကားဂိတ်ထဲက မီးခိုးလုံးတွေ ထွက်လာမှ ပတ်ဝန်းကျင်ကလည်း သတိထားမိတာ၊ သိသိချင်းတော့ ဝိုင်းငြှိမ်းကြတာပဲ၊ မီးသတ်ကလည်း လာငြှိမ်းတယ်။ ကားတစ်စီးလုံးတော့ မီးလောင်သွားတယ်” လို့ ပြောပါတယ်။

ဂိတ်ထဲမှာ ရပ်ထားတဲ့ကား မီးလောင်တာဖြစ်ပြီး မီးလောင်မှုကြောင့် တခြားဆုံးရှုံးမှု မသိရသေးသလို ဘယ်လို စလောင်တယ်ဆိုတာလည်း မသိရသေးဘူးလို့ ကားဂိတ်နားနေထိုင်သူ တစ်ဦးက ပြောပါတယ်။

ရန်ကုန် လှိုင်မြို့နယ်၊ ကန်လမ်းရှိ လှိုင်မြင့်မိုရ်အိမ်ရာမှာ‌တော့  စစ်ကောင်စီတပ်က ကား ၅ စီးလောက်နဲ့  ရောက်ရှိလာကာ သေနတ်ပစ်ဖောက်ပြီး  တိုက်နံပါတ် ၃၂ ကို  ဝင်ရောက်စီးနင်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ကနေ အနည်းဆုံး လူ သုံးယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်ကို ဖမ်ဆီးသွားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

2 mins Ago
Up