close

YDF-ဂန့်ဂေါ

close

January 9, 2022

ဂန့်ဂေါမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီဘက်က ၂ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း  ဇန်နဝါရီ ၇ ရက်ညက YDF-ဂန့်ဂေါနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးက ၄ ယောက်ဒဏ်ရာရရှိသွားတယ်လို့ YDF တပ်ဖွဲ့က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့ရဲ့ တောင်ဘက်ယန္တရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၇ ရက် ည ၁၀ နာရီခွဲလောက်မှာ YDF- ဂန့်ဂေါ တပ်ရင်း ၆၊ တပ်ခွဲ ၂က ဗိုလ်ဖိုးစော ဦးဆောင်တဲ့ တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ YDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“YDF တပ်ဖွဲ့က တူးမီးသေနတ်တွေ၊ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီတပ်သားတွေရဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးသွားတယ်။ စစ်ကူလာတဲ့ ကားတွေက ဒဏ်ရာရတဲ့ သူတွေကို တင်သွားကြပြီး အဲဒီကားပေါ်ကနေ အော်ငြီးနေတဲ့ အသံကို YDF ရဲဘော်တွေကိုယ်တိုင်ကြားခဲ့ရတယ်။”

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ပေမဲ့ YDF က ရဲဘောတွေ အထိခိုက် အကျဆုံး မရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဂန့်ဂေါမြို့နယ်ထဲမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီးတော့ အိမ်ထဲက ပစ္စည်းတွေကို ခိုးယူသွားသလို ပြည်သူတွေမွေးမြူထားတဲ့ ကြက်၊ဝက်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတဲ့အပြင် နေအိမ်တွေကိုပါ မီးရှို့ ဖျက်ဆီးသွားကြတယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ အခြေနေနဲ့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

48 seconds Ago
Up