close

YDF အဖွဲ့

close

August 14, 2022

ဂန့်ဂေါမြို့နယ်တွင် အရက်ထွက်ဝယ်သည့် ရဲ ၁ ဦးကို YDF အဖွဲ့က ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦး အရပ်ဝတ်နဲ့ ဩဂုတ် ၁၂ ရက် ညနေပိုင်းမှာ အရက်ဝယ်ဖို့ထွက်လာရာ ယောဒေသ PDF အဖွဲ့က ဖမ်းမိခဲ့တယ်လို့ ယောကာကွယ်ရေးတပ် - YDF က ထုတ်ပြန်‌ပါတယ်။

ကန်နယ်‌မြေ ရဲစခန်းထဲကနေ ရဲတပ်သား ဇော်နိုင်ဦး အရက်ဝယ်ထွက်လာချိန် YDF တပ်ရင်း(၄)က ဖမ်းဆီးခဲ့တာဖြစ်ပြီး YDF ဌာနချုပ်ထံ အပ်နှံဖို့ လုပ်နေတယ်လို့ ယောဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

ယောဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပြီး မကွေးတိုင်းအတွင်းရှိကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

2 mins Ago
Up