close

YMBA

close

December 9, 2020

YMBA က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့ချီးမြှင့်

ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇဘွဲ့ ချီးမြှင့်လိုက်ပါတယ်။ နှစ် ၁၀၀ ပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်  ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်မနက်က  Video Conferencing စနစ်နဲ့ ကျင်းပပြီး ချီးမြှင့်လိုက်တာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။ ဗန်းမော်ဆရာတော် ဘုရားကြီး အမှူးပြုတဲ့ ဆရာတော်ကြီးများကိုယ်စား  YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့တော်ကိုချီးမြှင့်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ က လက်ခံရယူခဲ့တယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။  အခမ်းအနားကို သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊၊ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းနဲ့ YMBA အသင်း တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို YMBA  အသင်းက ရာသက်ပန်နာယကအဖြစ်လည်းသတ်မှတ်ထားပါတယ်။ Photo-DSINFO
10 months Ago

February 9, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ YMBA ချီးမြှင့် (ဓာတ်ပုံ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗုဒ္ဓဘာသာကလျာဏယဝအသင်းကြီး (YMBA) က အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်ချီးမြှင့်အပ်နှင်းတဲ့ပွဲကို  ရန်ကုန်မြို့၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးတွေ၊ YMBA ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နဲ့ အသင်းသားတွေ၊ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား YMBA အသင်းရဲ့ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တွေ ချီးမြှင့်ပေးခဲ့ပါတယ်။ YMBA အသင်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၁၉ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ Photo - Ye Ko / MPA
2 years Ago
Up