close

Yokogawa Bridge

close

January 25, 2023

ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ မြန်မာစစ်အာဏာရှင်ကို ထောက်ပံ့ကူညီနေဟု HRW ထုတ်ပြန်

ဂျပန်နိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ Yokogawa Bridge ကော်ပိုရေးရှင်းဟာ မြန်မာစစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို ၂၀၂၂ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁ သန်းကျော်လွှဲပြောင်းပေးခဲ့တာကို တွေ့ရှိရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်က ပဲခူးမြစ်ကူးတံတားဆောက်လုပ်ရေးစီမံကိန်းအတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ နိုဝင်ဘာလအတွင်း Yokogawa  ကော်ပိုရေးရှင်းကနေ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်လွှဲပြောင်းပေးခဲ့တာကို တွေ့ရှိရတယ်လို့ HRW က ပြောပါတယ်။

HRW ရဲ့ အာရှဒေသဆိုင်ရာ အရာရှိ တာပေကာစိုင်းက  “မြန်မာစစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် Yokogawa Bridge ကော်ပိုရေးရှင်းရဲ့ MEC နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ဂျပန်အစိုးရက ရန်ပုံငွေရှာပေးသလို ဖြစ်နေတယ်။ ဂျပန်အစိုးရဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီမဟုတ်တဲ့ ထောက်ပံ့ကူညီမှုတွေ မြန်မာစစ်အာဏာရှင်တွေ ဆက်ပြီးမရအောင် ဆောင်ရွက်သင့်တယ်” လို့ ပြောပါတယ်။ 

ဂျပန်အစိုးရအနေနဲ့လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတာ လွဲရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စနစ်တကျရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်အာဏာရှင်တွေ အကျိုးအမြတ်ရရှိစေမယ့် လုပ်ငန်းတွေအားလုံးကို ရပ်တန့်ဖို့ HRW က တောင်းဆိုလိုက်ပါတယ်။

Yokogawa ကော်ပိုရေးရှင်းအပါအဝင် ဂျပန်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ် လက်အောက်ခံလုပ်ငန်းတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်မရှိရလေအောင် ဂျပန်အစိုးရက လုပ်ဆောင်ဖို့လည်း HRW ကတိုက်တွန်းထားပါတယ်။

Photo-YBHD

53 seconds Ago
Up