close

Z Sniper

close

March 6, 2022

ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က Z 16 Carbine နှင့် Z Sniper လက်နက်များထုတ်လုပ်

မန္တလေးတိုင်း မြင်းခြံမြို့က  ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က စစ်အာဏာရှင်တော်လှန်ရေး အတွက် အင်အားဖြည့်လက်နပ်တွေကို တပ်ဖွဲ့အနေနဲ့ ကိုယ်တိုင်ထုတ်လုပ်နိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ZERO ပြောက်ကျား တပ်ဖွဲ့ ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ တိုက်ခိုက်ရေးအတွက် လက်နပ်အင်အားဖြည့်တင်းဖို့ Z 16 Carbine အမျိုးအစားနဲ့ Z Sniper အဝေးပစ်  အမျိုးအစားတွေကို ကိုယ်ပိုင်ထုတ်လုပ်ထားပြီး ဆက်လက်တိုက်ခိုက်မယ့် Mission တွေမှာ စတင်  သုံးစွဲတော့မယ်လို့ ဆိုပါတယ်။

ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှာ ခုလိုကိုယ်ပိုင်လက်နက်တွေ ထုတ်လုပ်လာနိုင်တာကြောင့် အာဏာရှင်တော်လှန်ရေးအတွက် အားရှိရတယ်လို့ ဆိုပါတယ်။

1 min Ago
Up