close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် (၄)ရက်ဆက်တိုက်ပွဲဖြစ်

စစ်တပ်မှ ခုနစ်ဦးထက်မနည်းသေပြီး လက်နက်ခဲယမ်းအချို့ရ

၆ မိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းနှင့် စစ် အသုံးအဆောင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကြောင်း(၁)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ (၆)မိုင်ကျေးရွာဘက်သို့ စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပူးပေါင်းအဖွဲ့များနှင့်အတူ (၄)ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။

အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို သြဂုတ် ၂၆ ရက်မှစတင်၍ သြဂုတ်၂၉ ရက်အထိ မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း(၁)၊ စစ်ကြောင်း(၂)နှင့် KNLA တပ်ရင်း (၁၁)၊ KTLA တပ်ဖွဲ့စသည့်တော် လှန်ရေးမဟာမိတ်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“လေးရက်ဆက် တိုက်ပွဲဖြစ်တယ်။ ဗိုလ်ကြီးအပါအဝင် (၇)ယောက်သေတယ်။ သူ့တို့ဘက်က စစစ်ကူသဘောမျိုးတော့ လာတယ်ဗျ။ ဒါပေမဲ့ ပစ်ကူတောင်မပေးနိုင်ဘူး။ ခပ်ဝေးဝေးကနေ ထိုင်နေပေးပြီး ပြန်လှည့်သွားတယ်”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် PDF(P-2 Zone)မှ တပ်ခွဲမှူးတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့် (၆)မိုင်ရွာနှင့် ၁ မိုင်ခွဲခန့်သာဝေးသည့် တပ်ရင်း (၅၆၁)သို့ ပြန်ဆုတ်သွားရာ လမ်းတလျှောက်မှ စစ်ရှောင်ပြည်သူ ၂၀ခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ဖက်ညှပ်တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ် သားများသည် ၆ မိုင်ရွာအတွင်းသို့ဝင်၍ နေအိမ်များကိုချိုးဖျက် ဝင်ရောက်ကာ အကာအကွယ်ယူပြီး ပြန် ဆုတ်သွားခြင်းဖြစ်ကြောင်း စစ်ကြောင်း(၁) ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် ယမန်နေ့(သြဂုတ် ၃၀)ရက်တွင် အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများကို ပြန်လွှတ်ပေးလိုက်သော်လည်း လူငယ်ပိုင်းအ မျိုးသားနှစ်ဦးကို ယနေ့(သြဂုတ် ၃၁ရက်)အထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

၆ မိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းနှင့် စစ် အသုံးအဆောင်များကို တွေ့ရစဥ်။ ဓာတ်ပုံ – စစ်ကြောင်း(၁)

အထက်ပါ (၄)ရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ဗိုလ်ကြီးတစ်ဦးအပါဝင် ခုနစ်ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရကာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲ ဘော်လေးဦးဒါဏ်ရာအနည်းငယ်(မစိုးရိမ်ရ) ရရှိခဲ့သည်ဟု စစ်ကြောင်း(၁)က အသိပေးသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ၆၀ မမ စိန်ပြောင်းတစ်လက်၊ ၆၀ မမကျည်သီး ၄ လုံး၊ RPG သီး ၄ လုံး၊ ပို့ယမ်း ၄တောင့်၊ ကျည်ဘောက် ၃ခု၊ အီနာကာတစ်လုံးနှင့် ဖုန်းတစ်လုံး သိမ်းယူရရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲကို မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း (၁)၊ စစ်ကြောင်း(၂)၊KNLA တပ်ရင်း (၁၁)၊ KTLA စသည့်မြေပြင်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ADF ဒရုန်းအဖွဲ့၊ Dragon Squad ဒရုန်းအဖွဲ့နှင့် မြိတ်ခရိုင်ဒရုန်းအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၈)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၅၇)တပ်ရင်း၊ မြို့ဝင်ဂိတ်နှင့် စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၅) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၃) အသီးသီး ဆန္ဒပြခဲ့ပါတယ်။