close
Connect with us

Hi, what are you looking for?

သတင်း

စစ်သုံ့ပန်းဗိုလ်ကြီးက ပြည်သူကိုသတ်ဖြတ်၊ အိမ်များမီးရှ်ို့ဖျက်ဆီးခဲ့​ကြောင်းဝန်ခံပြီး နားလည်ခွင့်လွှတ်ရန် ​မေတ္တာရပ်ခံဟုဆို

ဘုတလင်မြို့နယ်တွင် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အရှင်ဖမ်းမိထားသည့် စစ်ကောင်စီဗိုလ်ကြီး​အောင်​ကျော်ဇင်က ၎င်းအနေဖြင့် ပြည်သူများအား သတ်ဖြတ်ပြီး ​နေအိမ်များဖျက်ဆီးခဲ့ကြောင်းဝန်ခံပြီး နားလည်ခွင့်လွှတ်ပေးရန် ​​မေတ္တာရပ်ခံသည်။

စစ်သုံ့ပန်းဗိုလ်ကြီး​အောင်​ကျော်ဇင်။ ဓါတ်ပုံ-BOB

‌လူအေး/People’s Spring

ဘုတလင်မြို့နယ်တွင် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အရှင်ဖမ်းမိထားသည့် စစ်ကောင်စီဗိုလ်ကြီး​အောင်​ကျော်ဇင်က ၎င်းအနေဖြင့် ပြည်သူများအား သတ်ဖြတ်ပြီး ​နေအိမ်များဖျက်ဆီးခဲ့ကြောင်းဝန်ခံပြီး နားလည်ခွင့်လွှတ်ပေးရန် ​​မေတ္တာရပ်ခံသည်။

စက်တင်ဘာလ ၃၀ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခဲ့သည်။

Public Service Announcement

Public Service Announcement

ဖမ်းမိသူများအနက် ခမရ ၃၀၉မှ တပ်ခွဲမှူးဖြစ်​သော ဗိုလ်ကြီး​အောင်​ကျော်ဇင် ထုတ်ဖော်ဝန်ခံထားသည့်ရုပ်သံမှတ်တမ်းကို မုံရွာခရိုင်အမှတ်(၂၀)တပ်ရင်း(Battalion of Budalin-BOB)က ​အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

အသက် ၃၆ နှစ်အရွယ် ၊စစ်ကောင်စီဗိုလ်ကြီး​အောင်​ကျော်ဇင်က “ကျွန်​တော်က​တော့ ကူ​တော်ရွာမှာ ရွာတွင်းရှင်းလင်းတဲ့အချိန်မှာလည်း အပြစ်မဲ့အရပ်သားပြည်သူ​တွေကိုသတ်ဖြတ်ခဲ့ပါတယ် ။ပြီး​တော့အပြစ်မဲဘ ပြည်သူ့အိမ်​တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ အရာ​တော်ကိုလမ်း​ကြောင်းသွားတဲ့အချိန်မှာလည်း အပြစ်မဲ့ပြည်သူအိမ်​တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ဒီအတွက် ကျွန်​တောမှာအပစ်ရှိကြောင်းဝန်ခံပါတယ် ။ ဒီအတွက် အများပြည်သူများအနေဖြင့် ကျနော်အပေါ်နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်” ဟုပြောကြားထားသည်။

အဆိုပါ စစ်ကောင်စီအရာရှိ၏တောင်းပန်ခြင်းသည် အဓိပ္ပါယ်မရှိဘဲ အဖမ်းခံရပြီးနောက် အကြောက်လွန်က ပြောကြားခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“မမိခင်ကတော့ အသိတရားမရှိဘူး။ ဖမ်းမိတော့မှ ဘာမေးမေး ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဆိုတာက ပါးစပ်ဖျားကမချဘူး။ အခုတောင်းပန်တယ်ဆိုတာကလည်း ကြောက်ပြီးပြောနေတာ။ စစ်ရာဇဝတ်မှုက ရာဇဝဝတ်မှုပါပဲ” ဟုကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပြည်သူလူထုအား သတ်ဖြတ်ကာ နေအိမ်များအားမီးရှူးဖျက်ဆီးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွံရှာမုန်းတီးသော်လည်း စစ်သုံပန်းဥပဒေအရသာ ထိန်းသိမ်းထားကြောင်း ဘုတလင်မြို့မှ ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ဖမ်းဆီးခံထားရ​​သောစစ်သုံ့ပန်းဗိုလ်ကြီးက ၎င်းတို့အားထားသည်မှာအ​တော်များများအဆင်​ပြေ​​ကြောင်း၊ဒဏ်ရာရ စစ်သားများကို သက်သာ​အောင်ကူညီ​ပေး​နေသည်ဟုလည်းဆိုသည်။

“ယခင်က အများပြည်သူအ​ပေါ် ကျွန်​တော့အ​နေနဲ့မှားယွင်းစွာလုပ်​ဆောင်ခဲ့မိတဲ့ ၊​ပြောဆိုဆက်ဆံမိခဲ့တာ​တွေကို ​နောက်​နောင်မှာမလုပ်​တော့ပါဘူးလို့ ဝန်ခံကတိပြုအပ်ပါတယ် “ဟု ဗိုလ်ကြီး​အောင်​ကျော်ဇင်ကဆက်​ပြောသည်။

စက်တင်ဘာလ ၁၇ရက်က တိုက်ပွဲ၌၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်း မှာ PDFများ၏ ပိတ်ဆို့တိုက်ခိုက်မှု​ကြောင့် ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခံရကာ ၃၃ဦး သေဆုံးခဲ့သည်။ လက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းများ သိမ်း

ဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)သတင်းထုတ်ပြန်သည်။

သေဆုံးသွားသည့်စစ်ကောင်စီရုပ်အလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် ဘုတလင်မြို့နယ်မောင်းထောင်ကျေးရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်းစစ်ကြောင်းထိုးရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။ ဘုတလင်မြို့နှင့် နယ်စပ်မြို့ဖြစ်သော ဒီပဲယင်းမြို့ကိုလည်းအောက်တိုဘာလ ၅ရက် ညနေပိုင်း၌ စစ်ကောင်စီကလေကြောင်းမှ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရခဲ့သည်။

ဆက်စပ်သတင်းများ

Facebook