close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပထမဆုံး အကြိမ်အဖြစ် ထိုင်ဝမ် ရေလက်ကြားကို ဂျပန် စစ်သင်္ဘောတစ်စီး ဖြတ်သန်းခုတ်မောင်း

ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းပြီး ဂျပန်ရဲ့ စစ်သင်္ဘော တစ်စီးက ပထမဆုံးအကြိမ် ခုတ်မောင်းခဲ့ကြောင်း သိရပါတယ်။

မျှော်လင့်ထားပြီး ဖြစ်တဲ့အတိုင်း ဖျက်သင်္ဘော ဆာဇာနာမီရဲ့ စက်တင်ဘာ ၂၅ ရက်နေ့ ခရီးစဉ်အပေါ် တရုတ် အစိုးရက ဂျပန်ကို တရားဝင် ကန့်ကွက်ခဲ့ပါတယ်။ ဆာဇာနာမီဟာ ဩစတြေးလျနဲ့ နယူးဇီလန် သင်္ဘောတွေ ခြံရံပြီး ထိုင်ဝမ် ရေလက်ကြားကို ဖြတ်မောင်းခဲ့တာ ဖြစ်ပါတယ်။

ဆာဇာနာမီဟာ တောင်တရုတ် ပင်လယ်ရေပြင်မှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေအတွက် ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းခဲ့တာလို့ ဂျပန် ပြည်စောင့်တပ်ရဲ့ ရေတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက် နယ်မြေတစ်ခုအဖြစ် သတ်မှတ် ကြေညာထားသလို ပြိုင်ဘက် နိုင်ငံတွေက ထိုင်ဝမ်ရေလက်ကြားကနေ စစ်သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းတဲ့အပေါ် ထိလွယ်ရှလွယ် ခံစားတတ်ပါတယ်။ ဒါကြောင့် ဂျပန် ရေတပ်သင်္ဘောတစ်စီးက ပထမဆုံးအကြိမ် အဲဒီရေပြင်ကို ဖြတ်သန်းခြင်းဟာ တရုတ်အတွက် ဒေါသထွက်စရာ ဖြစ်လာပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့မှာတော့ တရုတ်က ဂျပန်ရဲ့ စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြားမှာ ဖြတ်သန်းသွားခြင်းနဲ့ ဂျပန်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေး မူဝါဒတွေအပေါ် မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ကြောင်း၊ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဂျပန်ရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ အပြင်းအထန် အရေးဆိုခဲ့ကြောင်း ကြေညာပါတယ်။

တရုတ် အစိုးရပိုင် Golbat Times သတင်းဌာနကလည်း စစ်ဘက်ဆိုင်ရာ နာမည်ဖော်မပြတဲ့ သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန် ရေယာဉ်တွေရဲ့ ရေလမ်းကြောင်း ဖြတ်သန်းမှုကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ကြောင်းနဲ့ အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေဟာ ကီလိုမီတာ ၁၈၀ ရှည်လျားတဲ့ ထိုင်ဝမ် ရေလက်ကြားမှာ လွတ်လပ်စွာ ရေကြောင်းသွားလာပိုင်ခွင့်ကို ပြသတဲ့ အနေနဲ့ စစ်သင်္ဘောတွေ မကြာခဏ ခုတ်မောင်းစေပေမယ့် ဂျပန် ပြည်စောင့်တပ် ရေယာဉ်တစ်စီး ပါဝင်လာတာကတော့ ပထမဆုံး ဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့တုန်းကတော့ တရုတ်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော လျောင်နင်းဟာ ဂျပန်ပိုင် ယိုနာဂူနီနဲ့ အီရီယိုမိုတီ ကျွန်းတွေကြားက ရေပြင်ကို ပထမဆုံးအကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့တာကြောင့် ဂျပန်ဖက်က အပြင်းအထန် ကန့်ကွက်ခဲ့ဖူးပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

Facebook