close

နွေဦးတော်လှန်ရေးကျဆုံးသူများအတွက် စစ်ကောင်စီတာဝန်ခံရမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ် သတိပေး

နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ကျဆုံးသွားခဲ့တဲ့ အပြစ်မဲ့ ပြည်သူ ၇၀၀ ကျော်အတွက် စစ်ကောင်စီအနေနဲ့ တာဝန်ခံရမယ်လို့ PPSTယာယီ အဖွဲ့ခေါင်းဆောင်က သတိပေးလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းနိုင်တဲ့အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အနေနဲ့ နှစ်ထောင်းအားရမိတယ်လို့ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုပါတယ်။

ဧပြီ ၂၆ ရက်မှာ ကျင်းပနေတဲ့ အန်စီအေ လက်မှတ်ထိုးအဖွဲ့တွေပါဝင်တဲ့ PPSTအစည်းအဝေးမှာ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းပြောကြားခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းနိုင်ခဲ့တာဟာ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ထုတ်ပြန်ချက် ၅ ချက်ကို ကြိုဆိုလိုက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။ 

ဒါပေမဲ့လည်း မတရားဖမ်းဆီးထားထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထု အားလုံးကိုတော့ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် အာဆီယံအနေနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့ကို တိုက်တွန်းထားပါတယ်။

အလားတူ နွေဦးတော်လှန်ရေးကို သုံးလနီးပါးကြာ အဆက်မပြတ်ဆင်နွှဲနေတဲ့ အလွှာ အသီးသီးက ပြည်သူတွေကို   အကူအညီအထောက်အပံ့တွေ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up