မူဆယ်၌ ပစ်ခတ်မှု ဖြစ်နေ

4
မူဆယ်မြို့မှာ မေ ၂၃ ရက်မနက် ၄ နာရီ ၄၅ မိနစ်လောက်ကတည်းက ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မူဆယ်မြို့ခံ တစ်ဦးက "မနက်၄ နာရီ ၅၀ လောက် မူဆယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အခု ၅ နာရီခွဲကျော်ထိ ပစ်နေဆဲ။ လက်နက်ကြီးပစ်သံ အဆက်မပြတ်ကြားနေရတယ်" လို့ ပြောပါတယ်။
ဒေသခံအချို့ကတော့ အခုတိုက်ပွဲဟာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ဖြစ်နေတာလို့ ပြောကြပါတယ်။
မေ ၂၂ ရက် မွန်းလွဲပိုင်းကလည်း မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကားကြီးဝင်းအတွင်းမှာ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။