close

မူဆယ်-မန္တလေး အဝေးပြေးလမ်းမပေါ်တွင် ကား ၂ စီး မီးရှို့ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် မူဆယ်-မန္တလေး အဝေးပြေးလမ်းမ ပေါ်၊ မော်တောင်းရွာနဲ့ တာလုံရွာကြား နမ့်ဖာတန်းလမ်းအနီးမှာ မေလ ၂၃ ရက်နေ့ ညပိုင်းက ကားနှစ်စီး မီးရှို့ခံခဲ့ရ​တယ်လို့ အနီးနားက ရွာခံတစ်ဦးက ပြောပါတယ်။

Wish အမျိုးအစား ကားတစ်စီးနဲ့ ဟွန်ဒါဖစ် အမျိုးအစားကား တစ်စီး ပေါင်း ၂ စီး မီးလောင် ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။

"ဒီ မနက်ပိုင်း ၇ နာရီလောက်က အဲ့ကားကိုတွေ့တယ်။ ကားက အကုန်လောင်ပြီး အခွံပဲကျန်တယ်။ ကားကိုယ်ထည်က အေးနေပြီ။ ညကတည်းကရှို့ထားခံရတာ။" 

ကားပေါ်မှာ ပါလာတဲ့သူတွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ကားပေါ်က လူတွေဖမ်းဆီးခံရတယ် ကြားတယ်။ ဘယ်အဖွဲ့က ခေါ်သွားလဲမသိဘူး။ ဘယ်သူ ပါသွားတယ်ဆိုတာလဲမသိဘူး။" 

ကား ၂ စီး မီးရှို့ခံရတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေကြောင်း နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မေလ ၂၃ ရက်မနက်ပိုင်းမှာလည်း မူဆယ် သုဿာန်နားမှာ စစ်ကောင်စီရဲ့ အပေါင်းပါ ဖြစ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်တို့ မနက် ၄ နာရီ ၅၀ မိနစ်လောက်ကနေ မနက် ၅ နာရီခွဲကျော‌ေခန့်အထိ ၁ နာရီ နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နေအိမ်အချို့နဲ့ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

Pra Jaw

Photo Crd# AJ ( NTU )

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up