A d v e r t i s e m e n t With Us

close

စစ်ကိုင်း အမှတ် ၁၆ လုံခြုံရေးရဲတပ်ရင်းတွင် ရဲတပ်သား ၁ ဦးက ဒုရဲမှူးကို ပစ်သတ်

စစ်ကိုင်း-မုံရွာကားလမ်းမပေါ်ရှိ အမှတ် ၁၆ လုံခြုံရေးရဲတပ်ရင်းမှာ မေ ၂၄ ရက် နေ့လည်က ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများပြီး ရဲတပ်သား တစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒုရဲမှူး သေဆုံးသွားတယ်လို့  တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပြောပြချက်အရသိရ ပါတယ်။

“ဒီနေ့လည် ၁ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဒုရဲမှူးသေဆုံးသွားတာဟုတ်ပါတယ်။ ပစ်တဲ့ရဲတပ်သားက ချင်းလူမျိုးပါ။ သူတို့အချင်းချင်းမနက်ပိုင်း ၇ နာရီတန်းစီတဲ့ အချိန်လောက်ကစပြီး စကားများခဲ့ကြတယ်လို့ သိရပါတယ်။ ဒီ‌နေ့ နေ့လည် ၁ နာရီလောက်မှာ သူတို့နှစ်ယောက်စကားထပ်များပြီး အဲ့ရဲတပ်သားကနေ သေနတ်နဲ့ အချက် ၂၀ လောက်ပစ်ခဲ့ တာကြောင့် ဒုရဲမှူးသေဆုံးသွားပါတယ်” လို့ အမည်မဖေါ်လိုတဲ့ ရဲတပ်သားတစ်ဦး က ပြောပြပါတယ်။

ပစ်ခတ်ခဲ့တဲ့ အဆိုပါရဲတပ်သားကိုတော့  ဘယ်လိုအရေးယူထားတယ်ဆိုတာ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up