မာလီနိုင်ငံတွင် သမ္မတနှင့် ဝန်ကြီးချုပ်တို့ကို စစ်တပ်ကဖမ်းဆီး

မာလီနိုင်ငံက စစ်တပ်အရာရှိတွေဟာ ကြားဖြတ်အစိုးရရဲ့ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးတွေကို မေလ ၂၄ မှာ ဖမ်းဆီးလိုက်ပါတယ်။
ကြားဖြတ်အစိုးရအဖွဲ့ထဲမှာ သြဂုတ်လတုန်းက အာဏာသိမ်းချိန်က စစ်အစိုးရအဖွဲ့ဝင် ၂ ယောက်ရဲ့နေရာကို အစားထိုးကြောင်း ကြေညာအပြီးမှာ သမ္မတ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးတို့ကို စစ်တပ်က ဖမ်းလိုက်တာလို့ သံတမန်နဲ့ အစိုးရ သတင်းရင်းမြစ် အများအပြား ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနမှာဖော်ပြပါတယ်။
သမ္မတ ဘာအန်ဒေါ်၊ ဝန်ကြီးချုပ် မော့ခ်တာ အူအန်နဲ့ ကာကွယ်ရေး ဝန်ကြီး ဆူလေမန် ဒုကူရ် တို့ကို ဘာမာကိုမြို့တော် အပြင်ဘက် ကာတီ စစ်တပ် အခြေစိုက်စခန်းဆီ ခေါ်သွားတယ်လို့ သတင်း ရင်းမြစ် တွေက ပြောပါတယ်။
သမ္မတ ဘူဘာတာ ခေးတာကို သြဂုတ်လကမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အနောက် အာဖရိကနိုင်ငံမာလီမှာ အခုလို ထပ်ဖမ်းတဲ့အတွက် အနာဂတ်က မသေချာ ဖြစ်လာခဲ့ပါတယ်။
အန်ဒေါ်နဲ့ အူအန်တို့ဟာ အာဏာသိမ်းအပြီး အရပ်သား အုပ်ချုပ်မှု ပြန်ရရေး ၁၈ လကြာ အသွင်ကူးပြောင်းရေးကာလကို ကြီးကြပ်ရင်း တာဝန်ထမ်းဆောင် နေတာပါ။ ဒါပေမဲ့ အစိုးရအဖွဲ့ဝင် အတော်များများကတော့ အဓိကရာထူးနေရာတွေကို စစ်တပ်က ထိန်းချုပ်ထားမှာ စိုးရိမ်နေကြပါတယ်။