close

ကတိစာချုပ်ချိုးဖောက်ပါက တရားစွဲမည်ဟု CDM ဝန်ထမ်းများကို စစ်ကောင်စီ ခြိမ်းခြောက်

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နေပြည်တော် ရေးဆင်းက CDM လုပ်ထားတဲ့ဝန်ထမ်းတွေကို ရာထူးကထုတ်ပယ်လိုက်ပြီး ကြိုတင်ချေးငွေ ၂ လစာကိုပြန်ပေးဖို့ စစ်ကောင်စီက တစ်ယောက်ချင်းဆီ စာပို့ ခြိမ်းခြောက် တောင်းခံနေပါတယ်။

မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်ရာမှာ ကတိပြုထားတဲ့စာချုပ်အတိုင်း အနည်းဆုံး ၃ နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်သလို အဲဒီစာချုပ်ကို မလိုက်နာရင် ငွေကျပ် သိန်း ၃၀ ပေးလျော်ရမှာဖြစ်ပြီး ငွေပေးသွင်းခြင်းမရှိရင် တရားဥပဒေအရ အရေးယူသွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းလက်မှတ်နဲ့ စာပေးပို့ခဲ့တာပါ။

အဲဒီသင်တန်းကိုတက်ရောက်ထားတဲ့ CDM ဝန်ထမ်းတစ်ယောက်ကတော့ အလုပ်ထွက်တာမဟုတ်တာကြောင့် ပေးမှာမဟုတ်ဘဲ ပြည်သူ့အစိုးရက ပေးတဲ့ အပြစ်ဒဏ်မဟုတ်တဲ့ အတွက် မခံယူဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။

CDM ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူ့အစိုးရတက်လာတဲ့အခါမှ အလုပ်ပြန်ဆင်းမယ်လို့ဆိုပါတယ်။

အာဏာသိမ်းပြီး ၂ လပိုင်းအထိ ရေဆင်းမှာ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ တိရိစ္ဆာန်မွေးမြူရေးတက္ကသိုလ်နဲ့ စိုက်ပျိုးရေးသုတေသနဦးစီဌာနတို့က ဝန်ထမ်း ၁၀၀ ကျော်  CDMလုပ်ခဲ့ကြပြီး နောက်ပိုင်းမှာ ဝန်ထမ်းမိသားစုတွေကို ခြိမ်းခြောက်မှုတွေရှိလာတာကြောင့် လက်ရှိမှာ CDM ဝန်ထမ်း ၂၀ ကျော်သာ ကျန်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up