close

ကန်ကြီးထောင့်စျေး မီးလောင်မှုတွင် ဆိုင်ခန်း ၁၇၅ ခန်းနှင့် နေအိမ် ၃ လုံး မီးထဲပါသွား

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မှာ ဇွန်လ ၁ ရက်နေ့ မနက် ၃ နာရီခွဲလောက်က စျေးကြီး မီးလောင်ခဲ့လို့ ဆိုင်ခန်းတွေအားလုံး မီးလောင်ပြာကျခဲ့ပါတယ်။

စျေးထဲကနေ မီးညွန့်ထွက်လာချိန်မှာ မီးစတင်လောင်ကျွမ်းတာကို သိခဲ့ရတာဖြစ်ပြီး မီးသတ်ကား ၁၆ စီးနဲ့ လာရောက်ငြှိမ်းသတ်ခဲ့ပေမယ့် စျေးကြီးက ဆိုင်ခန်းအကုန်လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ခံတစ်ဦးက “ဖြစ်တာက မနက်အစောပိုင်း လူတွေ အိပ်မောကျနေချိန်ဆိုတော့ သိတာနောက်ကျသွားတာ။ သိတော့ မီးညွန့်တက်နေပြီ ဘာမှ လုပ်မရတော့ဘူး။ အားလုံးနီးပါး ကုန်သွားတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကန်ကြီးထောင့်မြို့နဲ့နီးစပ်တဲ့ မြို့နယ် ၅ မြို့နယ်က မီးသတ်ကား ၁၆ စီးနဲ့ လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး မနက် ၄ နာရီ ၃၅ မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်း မီးသတ်ဌာနက သိရပါတယ်။

မီးလောင်မှုကြောင့် ကန်ကြီးထောင့်မြို့မစျေးက ဆိုင်ခန်းပေါင်း ၁၇၅ ခန်းနဲ့ ဈေးအနီးက နေအိမ် ၃ လုံးမီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ကန်ကြီးထောင့်မြို့မစျေးက ဆိုင်ခန်းပေါင်း ၁၇၅ ခန်းနဲ့ ဈေးအနီးက နေအိမ် ၃ လုံးမီးလောင်ခဲ့တယ်လို့ သိရပါတယ်။

Photo - Bogyi

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up