သရုပ်ဆောင်ရဲတိုက်အမှု တရားလိုရောက်မလာသဖြင့် ရုံးချိန်းထပ်ရွေ့ဆိုင်း

အင်းစိန်ထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှု ဒီကနေ့ ရုံးချိန်းမှာ တရားလို လသာရဲစခန်းမှူး မလာနိုင်လို့ ရုံးချိန်းရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
သရုပ်ဆောင်ရဲတိုက်ကို လသာရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတာပါ။ ရဲတိုက်ကို အင်းစိန်ထောင်သီးသန့်ဆောင်မှာ ထိန်းသိမ်းထားပြီး အင်းစိန်ထောင်အထူးတရားရုံးမှာ ဇွန်လ ၁ ရက်နေ့ကရုံးချိန်းခေါ်ထားပေမယ့် တရားလို လသာရဲစခန်းမှူး မလာရောက်နိုင်တဲ့အတွက် ဇွန်လ ၁၅ရက်နေ့မှာ ရုံးချိန်းပြန် ခေါ်လိုက်တယ်လို့ သူ့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
သရုပ်ဆောင်ရဲတိုက်ကို မရမ်းကုန်းရဲစခန်းကလည်း မူးယစ်ပုဒ်မ ၁၆(ဂ) နဲ့ တရားစွဲထားပြီး အဲ့ဒီအမှုအတွက် ဇွန်လ ၃ ရက်နေ့မှာ ရုံးချိန်းခေါ်ထားပါတယ်။
သရုပ်ဆောင်ရဲတိုက်ဟာ လတ်တလောမှာ ကျန်းမာရေး ကောင်းမွန်နေပြီး သူ့အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးမယ်လို့ မှုခင်းစီမံခန့်ခွဲရေးအစည်း အဝေးမှာ သတ်မှတ်ထားပါတယ်။
သရုပ်ဆောင်ရဲတိုက်ကို ဧပြီ ၃ရက်နေ့က မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မီဒီယာမှာဖြေထားတဲ့ သူ့ရဲ့အင်တာဗျူး ကြောင့် ပုဒ်မ ၅၀၅(က)နဲ့ စစ်ကောင်စီကတ ရားစွဲခဲ့တာပါ။
မရမ်းကုန်းရဲစခန်းကစွဲတဲ့ မူးယစ်အမှုကတော့ သူ့ကိုဖမ်းဆီးတုန်းက စိတ်ကြွဆေး ၁၁ ပြားလက်ဝယ်တွေ့ခဲ့တာကြောင့်လို့ ဆိုပါတယ်။