ဖိလစ်ပိုင် လူဇုံကျွန်းတွင် လေဆင်နှာမောင်းတိုက်

2
ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိကကျွန်းမကြီးဖြစ်တဲ့ လူဇုံကျွန်းက ကျေးလက်ဒေသမှာ လေဆင် နှာမောင်း တိုက်ခတ်သွားပုံကို ရိုက်တာသတင်းဌာနက ဇွန် ၂ ရက်မှာ ထုတ်လွှင့်လိုက်ပါတယ်။
လေဆင်နှာမောင်းဟာ မေ ၃၁ ရက်က အစ်ဆာဘယ်လာ ပြည်နယ်က တူမွေနီမြို့ကို ဖုန်တွေနဲ့ ဖုံးလွှမ်းခဲ့တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်ချိန် နာရီဝက်လောက်ကြာခဲ့ပြီး မီးပျက်သွားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဒဏ်ရာရသူ မှတ်တမ်းတင်ထားတာ မရှိဘူးလို့ ကပ်ဘေးဆိုင်ရာ အရာရှိတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။