ရေလွှမ်းမိုးခံရနိုင်သည့် ကမ္ဘာ့လေဆိပ်များစာရင်းတွင် ထိုင်း၊ တရုတ်လေဆိပ်များ ထိပ်ဆုံးကပါဝင်

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ခြိမ်းခြောက်ခံနေရတဲ့ ကမ္ဘာ့လေဆိပ်တွေစာရင်းမှာ ထိုင်းနဲ့ တရုတ်လေဆိပ်တွေ ထိပ်ဆုံးက ပါဝင်နေပါတယ်။
ဒါဟာ ဗြိတိန်နာမည်ကြီးတက္ကသိုလ်တခုဖြစ်တဲ့ နယူးကာဆယ် တက္ကသိုလ်က လေဆိပ်ပေါင်း ၁၄,၀၀၀ ကျော်ကို စစ်တမ်းသုတေသနပြု ထုတ်ပြန်ထားခဲ့တာလို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီသုတေနသနဆန်းစစ်ချက်မှာတော့ လေဆိပ်တွေရဲ့ တည်နေရာ၊ မုန်တိုင်းဒီရေလှိုင်းတွေနဲ့ ထိတွေ့နိုင်ခြေ၊ လတ်တလောနဲ့ နောင်လာမယ့် အနာဂတ်ပင်လယ်ရေ မျက်နှာပြင်အခြေအနေ၊ ကိုဗစ်-၁၉ ကပ်ဘေးကာလမတိုင်ခင် လေကြောင်းဆက်သွယ်မှုနဲ့ ရေကြီးရေလျှံမှုအန္တရာယ်ကနေ ကာကွယ်မှုစံနှုန်းစတဲ့ အချက်အလက်တွေကနေ စု ဆောင်းရယူ တွက်ချက်ထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့လေဆိပ်ပေါင်း ၁၄,၀၀၀ ကျော်ထဲက ၃၅၀ ကျော်ကတော့ ဒီရာစုနှစ်အကုန်မှာပဲ ရေလွှမ်းမိုးမှုခံရနိုင်ခြေရှိနေပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို မစစ်ဆေးပဲ ဆက်လက်ပြီးတော့ သွားနေမယ်ဆိုရင်တော့ လေဆိပ်ပေါင်း ၆၀၀ နီးပါးကတော့ အန္တ ရာယ်ဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှု အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ခြေရှိ ထိပ်တန်းလေဆိပ် ၁၀ ခုစာရင်းမှာတော့ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်နဲ့ တရုတ်နိုင်ငံ ဝမ်ကျိုးလောင်ဝမ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေက ထိပ်ဆုံးက ဦးဆောင်နေပြီး အဲဒီနောက်မှာတော့ ဆော်လမွန် ကျွန်းစုနိုင်ငံ၊ Sege လေဆိပ်က ရှိနေတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ တရုတ်နိုင်ငံ လေဆိပ် ၂ ခုဖြစ်တဲ့ Quanzhou Jinjiang အ ပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ Changzhou Benniu လေဆိပ်တွေ ရပ်တည်နေပါတယ်။
ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်ကတော့ အမှတ်စဉ် ၇၁ နေရာမှာ ရပ်တည်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။