close

ကိုဗစ်ကာကွယ်ဆေးထိုးပြီး သေဆုံးခဲ့သူ၏ မိသားစုကို လျော်ကြေး ငွေဘတ် ၄ သိန်းပေးမည်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး သေဆုံးခဲ့တဲ့ အမျိုးသားတယောက်ရဲ့ မိသားစုကို အမျိုးသားကျန်းမာရေးဆိုင်ရာ လုံခြုံမှုရုံး(NHSO)က လျော်ကြေးငွေဘတ် ၄ သိန်းပေးဖို့ အတည်ပြုပေးခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

       “သေဆုံးမှု၊ ဒါမှမဟုတ် မသန်စွမ်းဖြစ်သွားသူရဲ့ မိသားစုကို လျော်ကြေးငွေ ဘတ် ၄ သိန်းပေးတာဟာ အမြင့်ဆုံးနှုန်းထားတခုဖြစ်ပါတယ်”လို့ NHSO ရုံး ဒါရိုက်တာတစ်ဦးဖြစ်သူ ချလာ စန်တီဝါရန်ခန်နာက ပြောပါတယ်။

ဒေသ ၄ အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာမှာ ဆိုးဝါးတဲ့ တုံ့ပြန်မှုနဲ့ ဘေး ထွက်ဆိုးကျိုးခံစားရတဲ့ နွန်ထဘူရီ၊ ပထုံဌာနီ၊ ဆာရာဘူရီ၊ အယုဒ္ဓယ၊ လော့ပ်ဘူရီ၊ ဆင်း ဘူရီ၊ အန်ထောင်၊ နခွန်နယော့ခ်စတဲ့ ခရိုင်တွေက လူနာ ၈ ယောက်ရှိနေပြီး သူတို့ကတော့ လျော်ကြေးငွေဘတ် ၆၉,၀၀၀ ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိ သေဆုံးသွားသူကတော့ ပထုံဌာနီခရိုင်ထဲက အသက် ၅၀ အရွယ် အမျိုးသားဖြစ်ပါတယ်။ သူဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခံရပြီးနောက်မှာ အသက်ရှုမှု ဆိုင်ရာ ပြဿနာရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၅ ရက်အကြာမှာ ကွယ်လွန်သွားခဲ့တာပါ။ သူဟာ မိသားစုမှာ တဦးတည်းသော ဝင်ငွေရှာပေးတဲ့သူလည်း ဖြစ်လို့ NHSO က ဘတ် ၄ သိန်း လျော်ကြေးငွေပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်”

အမျိုးသားကျန်းမာရေးဆိုင်ရာ လုံခြုံမှုရုံး(NHSO)ရဲ့ လျော်ကြေးငွေပေးအပ်မှု နှုန်း ထားတွေထဲမှာတော့ သေဆုံးမှု၊ ဒါမှမဟုတ် မသန်မစွမ်းဖြစ်စေမှုအတွက် ဘတ် ၄ သိန်း အထိ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှု၊ ဒါမှမဟုတ် မသန်မစွမ်းဖြစ်စေမှုအတွက် ဘတ် ၂ သိန်း ၄ သောင်းအထိ၊ နာမကျန်းဖြစ်မှု၊ ဒါမှမဟုတ် ဆက်တိုက်ထိခိုက်ဒဏ်ရာဖြစ်စေမှုအတွက် ဘတ် ၁ သိန်းအထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဆေးကုသရာမှာ ဆိုးဝါးတဲ့ တုံ့ပြန်မှုနဲ့ ဘေးထွက်ဆိုးကျိုးခံစားရတဲ့ လူနာရှင် မိ သားစုဝင်တွေအနေနဲ့ တနိုင်ငံလုံးက ပြည်သူ့ဆေးရုံတွေ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးရုံးတွေ၊ ဒါမှမဟုတ် NHSO ဌာနခွဲတွေမှာ အမှုဖွင့်နိုင်ပြီး အမှုတခုစီအတွက် အချိန် ငါးရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ပေးတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာတော့ လတ် တလောအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၁၇၀,၀၀၀ ရှိနေပြီး သေဆုံး သူစုစုပေါင်းကတော့ ၁၁၄၆ ယောက်ထိ ရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up